Home
»
အားကစား
» ဆီးဂိမ်း ဘောလုံးပွဲလက်မှတ်များ အွန်လိုင်းမှ ဦးစွာရောင်းချမည်
ရဲမင်းဝင်း| ကြာသပတေးနေ့၊ နိုဝင်ဘာလ ၂၁ ရက်၊ ၂၀၁၃ ခုနှစ်ဒီဇင်ဘာ ၇ ရက်တွင် စတင်ကျင်းပမည့် ဆီးဂိမ်းစ်ဘောလုံးပြိုင်ပွဲများအတွက် လက်မှတ်များကို အွန်လိုင်း မှတစ်ဆင့် ဦးစွာရောင်းချသွားမည် ဖြစ်သည်။ ဘောလုံးပွဲကြည့်လက်မှတ်များကို ပြင်ပတွင်လည်း ရောင်းချမည်ဖြစ်ပြီး အွန်လိုင်းမှ ရက်အနည်းငယ်စောကာ ရောင်းချခြင်း ဖြစ်သည်။ အွန်လိုင်းမှ လက် မှတ်ရောင်းချခြင်းကို လက်မှတ်များတာဝန်ယူ စီစဉ်ရောင်းချပေးမည့် My Asia ကုမ္ပဏီ၏ ၀က်ဘ်ဆိုက် တွင် လာမည့် နိုဝင်ဘာ၂၇ ရက်မှစတင်ကာ ရောင်းချပေးသွားမည်ဟု ကြေညာထားသည်။
လက်မှတ်ရုံများမှတစ်ဆင့် တိုက်ရိုက်ရောင်းချမှုကိုမူ ဒီဇင်ဘာ ၁ ရက် တွင် စတင်မည်ဖြစ်သည်။ ဒီဇင် ဘာ ၁ ရက်တွင် ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် နေပြည်တော်မြို့များရှိ ဘောလုံးကွင်းများနှင့် ရန်ကုန်မြို့ရှိ 4 Digital အရောင်းပြခန်းများတွင် သွားရောက်ဝယ်ယူနိုင်မည်ဖြစ်ကြောင်း လက်မှတ်ရောင်းချမှုများကို တာဝန်ယူစီမံသည့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဈေးကွက်ရှာဖွေရေး ဒါရိုက်တာ ဦးဆူးအောင်ကဆို သည်။ လက်မှတ်များ ၀ယ်ယူရာတွင် မှတ်ပုံတင်ယူဆောင်သွားရန် လိုအပ်မည်ဖြစ်ပြီး မှတ်ပုံတင်တစ်ခုလျှင် လက်မှတ်နှစ်စောင် ၀ယ်ယူနိုင်မည် ဖြစ်သည်။ လက်မှတ်များ ရောင်းချရာတွင် သက်ဆိုင်ရာမြို့များတွင် လက်ခံကျင်းပမည့် ဘောလုံးပွဲများ အတွက်ကိုသာ ရောင်းချပေးသွားမည် ဖြစ်သည်။
ဘောလုံးပြိုင်ပွဲအတွက် သတ်မှတ်ထားသည့် လက်မှတ်ခနှုန်းထားများကို ပြီးခဲ့သည့်ရက်ပိုင်းက ဘောလုံးအဖွဲ့ချုပ်မှ ထုတ်ပြန်ကြေညာခဲ့ရာများပြားသည့် ဈေးနှုန်းဖြစ်ကြောင်း ဝေဖန်မှုများထွက်ပေါ်လာခဲ့သည်။ သို့သော် ဦးဆူးအောင်က ဂီတဖျော်ဖြေပွဲလက်မှတ်များနှင့် နှိုင်းယှဉ်ပါက နည်းပါးနေသေး ကြောင်း ပြန်လည်ရှင်းလင်းခဲ့သည်။ “လက်မှတ်ခက ဈေးများတယ်လို့ မဆိုနိုင်ပါဘူး။ ရှိုးပွဲတစ်ပွဲဆိုရင် တောင် လက်မှတ်က အနည်းဆုံး ၆၅၀၀ ကျပ် ရှိတာပဲလေ။ ခုဟာက ကိုယ့်နိုင်ငံနဲ့ဆိုင်တဲ့ပွဲဆိုတော့ ဒီ လောက်က ပုံမှန်လို့ ပြောလို့ရပါတယ်။ နောက်ပြီး ဒီဈေးနှုန်းက အခြားနိုင်ငံတွေ နဲ့ယှဉ်ရင်လည်း တော် တော်လေး နည်းနေပါသေးတယ်။ ဘောလုံးပွဲကို ဖျော်ဖြေရေးတစ်ခုအနေနဲ့ စဉ်းစားမယ်ဆိုရင် ဖျော်ဖြေ ရေးတွေထဲမှာ လက်မှတ်ခအသက်သာဆုံးပါပဲ။ အဓိက,က ပြည်တွင်းပွဲလက်မှတ်တွေနဲ့ ကွာသွားလို့ ဈေးများတယ်လို့ မြင်သွားတာ ဖြစ်ပါလိမ့်မယ်” ဟု ဦးဆူးအောင်က ပြောကြားခဲ့သည်။
အမျိုးသားဘောလုံးပွဲစဉ်များအတွက် လက်မှတ်များကို ပွဲစဉ်အပေါ်မူတည်၍ ဈေးနှုန်းနှစ်မျိုး ခွဲခြားထား ပြီး အုပ်စုပွဲစဉ်များအတွက် အထူးတန်း ကျပ် (၄၀၀၀)၊ ရိုးရိုးတန်း ကျပ်(၂၀၀၀) သတ်မှတ်ထားသည်။ ဆီမီးဖိုင်နယ်နှင့် ဖိုင်နယ်ပွဲများအတွက်မူ အထူးတန်း ကျပ်(၅၀၀၀)နှင့် ရိုးရိုးတန်း ကျပ်(၃၀၀၀) ဖြစ် သည်။ အမျိုးသမီးပွဲစဉ်များမှာမူ အနည်းငယ်ဈေးသက်သာပြီး အုပ်စုပွဲမှဗိုလ်လုပွဲအထိ ဈေးတစ်မျိုးတည်း ဖြစ်ကာ အထူးတန်း ကျပ်(၃၀၀၀)နှင့် ရိုးရိုးတန်း (၁၀၀၀) သတ်မှတ်ထားသည်။
အေးချမ်းမွန် Credit To > Mizzima - News in Burmese https://www.facebook.com/excellencemedia
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.