0


ယခုနှစ်တွင် တန်ဖိုးအများဆုံးမီးလောင်မှုဖြစ်

နန်းမြင့်| ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ ၆ ရက် ၂၀၁၃ ခုနှစ်

ဒဂုံမြို့သစ်အရှေ့ပိုင်းစက်မှုဇုန် ၁၁၃ ရပ်ကွက်ရှိ ပွင့်ဦးပရိဘောဂဂိုဒေါင်သည် ၀င်ဘာ ၆ ရက်က မီးလောင်ရာ ဆုံးရှုံးမှုတန်ဖိုးကျပ် သိန်း တစ်ထောင်ဖိုးရှိပြီး ယင်းမီးလောင်မှုသည် ယခုနှစ်တွင် ဆုံးရှုံးမှု အများဆုံးဖြစ်ကြောင်း ရန်ကုန်တိုင်းမီးသတ်ဦးစီးဌာနက ထုတ်ပြန်လိုက်သည်။

ပွင်းဦးပရိဘောဂ ဂိုဒေါင် မီးလောင်မှုသည် နံနက် ၆ နာရီခွဲခန့်တွင် စတင်ဖြစ်ပွားပြီး ယင်းမီးလောင်မှုသည် ဂိုဒေါင်အတွင်းသွယ်တန်းထားသော ၀ါယာကြိုးပူးရာမှ မီးပွားထွက်၍ ရေမြုပ်မွေ့ယာများသို့ ကူးစက်ပြီး မီးလောင်မှုစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာနမှ ရန်ကုန်တိုင်းမီးသတ်ဦးစီးမှူး ဦးကြည်ဝင်းက “ဂိုဒေါင်ရဲ့ ရုံးခန်းက စလောင်တယ်။ ဘရိတ်ကာ နှစ်ဆင့်ခံထားတယ် ပြောတယ်။ သွားကြည့်တော့ ဘရိတ်ကက ရှော့ဖြစ်လို့ကျတဲ့အနေအထားဖြစ်တယ်။ ပိတ်မထားခဲ့ဘူးပေါ့၊ ရှော့ဖြစ်လို့သာ အလယ်မှာ တန်းနေတယ်။ လျှပ်စစ်ကရော၊ EI ၊ မီးသတ် ကရော တွေ့တယ်။ ကြိုးနှစ်ခုပူးသွားတယ်။ မီးပွားကနေ လောင်စာတွေပေါ်ကျပြီး ဖြစ်သွားတယ်” ဟု ဖြစ်စဉ်ကို ပြောပြသည်။

မီးလောင်ရာသို့ မီးငြိမ်းသတ်ယာဉ် ၅၇ စီး၊ သန္ဓေမီးသတ် ၃၃၅ ဦးနှင့် အရန်မီးသတ် ၁၄၀ ဦးတို့ မီးငြိမ်းသတ်ခဲ့ရာ နံနက် ၉ နာရီ ၁၅ မိနစ်တွင် မီးငြိမ်းသွားပြီး မီးလောင်မှုကြောင့် အဆောက်အဦ တစ်လုံးနှင့် ပရိဘောဂ ပစ္စည်းများမီးလောင်သွားခဲ့သဖြင့် ကျပ်သိန်း ၁၀၀၀ ဖိုး ဆုံးရှုံးခဲ့သည်။

ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ ၁၁၃ရပ်ကွက်တွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက “မီးလောင်တယ်လို့ သူများလာပြောတော့ မီးလုံးကို ကောင်းကင်မှာ မြင်လိုက်တယ်။ မီးလောင်တာတော်တော်ကြာတယ်။ မီးလောင်တဲ့ စက်ရုံဘေးမှာ သစ်လုံးတွေ ရှိတယ်။ ဆက်လောင်ရင် အန္တရာယ်များတယ်” ဟု ဆိုသည်။

မီးလောင်မှုများထဲတွင် ပေါ့ဆမှု၊ လျပ်စစ်မီးကြောင့် မီးလောင်မှုအများဆုံးဖြစ်သည်။ ယင်းမီးလောင်မှုနှင့်ပတ်သက်၍ မြန်မာ့အာမခံလုပ်ငန်းမှ အထွေထွေမန်နေဂျာ ဦးစိန်မင်းက ပွင်းသစ်ပရိဘောဂစက်ရုံသည် မီးအာမခံထားရှိကြောင်းပြောဆိုသည်။

ယင်းမီးလောင်မှုကြောင့် ပွင့်ဦးပရိဘောက ဂိုဒေါင်မန်နေဂျာ ဦးခင်ဇော်အား ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် ရဲစခန်းမှ ပ-၅၃၈/ ၂၀၁၃၊ ပုဒ်မ ၂၈၅ဖြင့် အရေးယူထားသည်။

(မဇ္ဈိမသတင်းဌာန)

အေးချမ်းမွန် Credit To >Mizzima - News in Burmesehttps://www.facebook.com/excellencemedia

Post a Comment

 
Top