သီဟကိုကို| ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ ၆ ရက် ၂၀၁၃ ခုနှစ်
သယံဇာတ တင်ပို့ရောင်းချရမှုဝင်ငွေများကိ
မစ္စတာ ဘာထရန်ဗိန်းလ်က နိုဝင်ဘာလ ၆ရက်က ရန်ကုန်မြို့ ကုန်သည်ကြီးများဟိုတယ်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် မြန်မာ့လွှတ်တော်တွင် ၂၀၁၃ -၁၄ ဘဏ္ဍာနှစ်အတွက် ဘဏ္ဍာငွေ ထပ်မံတိုးမြှင့်ရရှိရးအတွက် ဆွေးနွေးနေချိန်တွင် ကလေးသူငယ်များဆိုင်ရာ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများတွင် ဘဏ္ဍာငွေသုံးစွဲမှုများကို တိုးမြှင့်သုံးစွဲရန် ယူနီဆက်ဖ်မှ ပထမဆုံးအကြိမ် တိုက်တွန်းခြင်း ဖြစ်သည်။
ဝင်ငွေအနိမ့်ဆုံးနိုင်ငံများသည်
ယူနီဆက်ဖ် မြန်မာပြည်ဌာနေကိုယ်စားလှယ် မစ္စတာ ဘာထရန်ဗိန်းလ်က ကျန်းမာရေး၊ ပညာရေး ဆိုရာကဏ္ဍတွေကို ရင်းနှီးမြှပ်နှံတာကနေ ပြန်ရတဲ့အရာက အလွန်ကြီးမားပါတယ်၊ ရေရှည်မှာ အလုပ်အကိုင်ရရှိရေးတွေ ဖန်တီးနိုင်မယ်၊ စီးပွားရေးအရ ချမ်းသာတဲ့နိုင်ငံတွေဟာ လူစွမ်းအားအရင်းအမြစ်တွေကို ရင်းနှီးမြှပ်နှံတဲ့နိုင်ငံတွေပ
မြန်မာနိုင်ငံသည် သဘာဝ သယံဇာတများ ဖြစ်သည့် သဘာဝဓာတ်ငွေ့၊ ကျောက်စိမ်း ၊ သစ်တင်ပို့မှုများမှ နှစ်စဉ် ဒေါ်လာသန်းပေါင်းများစွာရရှိသော်
နိုင်ငံတကာငွေကြေးရံပုံငွေ (IMF) ၏ စာရင်းအရ ပြီးခဲ့သည့်နှစ်တွင် မြန်မာ့အစိုးရအနေဖြင့် ကျန်းမာရေးအတွက် ၇၈ ရာခိုင်နှုန်း နှင့်ပညာရေးအတွက် ၃၀ ရာခိုင်နှုန်း ဘဏ္ဍာငွေသုံးစွဲမှုများ တိုးမြှင့်သော်လည်း ယင်းတိုးမြင့်မှုမှာ ပြည်တွင်းအသားတင်ထုတ်လုပ်မှု၏ နှစ်ရာခိုင်နှုန်းအောက်သာ ရှိသည်။
မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့တင်ပို့ရောင်းချမှု ၀င်ငွေ ၀ ဒသမ ၉ ရာခိုင်နှုန်းသည် နှစ်စဉ် နိုင်ငံအ၀န်းလိုအပ်သည့် ကာကွယ်ဆေးအားလုံးဝယ်ယူနိုင်ပြီး
ပညာရေးကဏ္ဍမြှင့်တင့်နိုင်ရန် မြန်မာနိုင်ငံ၏ ကျောင်း ၆၀ ရာခိုင်နှုန်းတွင် ဆရာမလုံလောက်ဘဲ အတန်းတစ်တန်းတွင် ဆရာတစ်ယောက်ရှိရန် ဆရာပေါင်း လေးသောင်းကျော်လိုအပ်လျက်ရှိသည်
မြန်မာနိုင်ငံ၏ ၂၀၁၃ -၁၄ခုနှစ် ဘတ်ဂျက်အရ ၀င်ငွေ ကျပ်သန်းပေါင်း၁၃,၈၀၅ ရှိပြီး သုံးငွေမှာ ကျပ်သန်းပေါင်း ၁၆,၇၃၂ ရှိသည်။ ထိုသုံးငွေများသည် ကာကွယ်ရေးအတွက် ၂,၂၄၅ သန်း၊ ကျန်းမာရေးအတွက် ၄၉၉ သန်း၊ ပညာရေးအတွက် ၉၀၈ သန်းရှိသည်။
ပညာရေးနှင့် ကျန်းမာရေး နှစ်ခုပေါင်းသုံးငွေသည် ကာကွယ်ရေးသုံးငွေထက် များစွာလျော့နည်းနေသည်။
(မဇ္ဈိမသတင်းဌာန)
အေးချမ်းမွန် Credit To >Mizzima - News in Burmese
Post a Comment