တရုတ်နိုင်ငံ မြောက်ပိုင်း ရှန်ရှီပြည်နယ် ထိုက်ယွမ်းမြို.က တရုတ်ကွန်မြူနစ်ပါတီ ခရိုင်ရုံးရှေ.မှာ ဗုံးပေါက်ကွဲမှုတွေ ဒီနေ. မနက်ပိုင်းမှာ ဖြစ်ပွားခဲ့ပြီး လူတစ်ဦး သေဆုံးကာ တော်တော်များများ ဒဏ်ရာ ရရှိခဲ့ပါတယ်။
ဒီဖြစ်ရပ်ဟာ တရုပ်နိုင်ငံအတွင်း စီးပွားရေးနဲ. လူမှုရေးဆိုင်ရာ ဖိအားတွေ တိုးလာနေတဲ့ ပြယုဂ်ဖြစ်တယ်လို. တရုတ်နိုင်ငံမှာ facebook အစားထိုး သုံးစွဲကြတဲ့ လူမှုကွန်ယက် အင်တာနက် စာမျက်နှာ Weibo မှာ သုံးသပ် ပြောဆိုနေကြပါတယ်။
တရုတ်နိုင်ငံခြားရေး ဌာနကတော့ ဒီကိစ္စကို တရုတ် ရဲအဖွဲ.က စုံစမ်း ထောက်လှမ်းနေကြောင်း ပြောပါတယ်။
ဒါ့အပြင် ရက်ပိုင်းအတွင်းက တီယန်မင် ရင်ပြင်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုနဲ. ပက်သက်ပြီးတော့လဲ ပြတ်ပြတ်သားသား ကိုင်တွယ်သွားမှာ ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအတွက် အရေးကြီးတဲ့ ၁၈ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ အစည်းအဝေးကိုလဲ စီစဉ်ထားတဲ့အတိုင်း ဆက်လုပ်သွားမှာ ဖြစ်ကြောင်းလဲ ဆက်လက် ပြောဆိုခဲ့ပါတယ်။
ဒီသတင်းကို ဘီဘီစီ မြန်မာပိုင်း အစီအစဉ် အင်တာနက် စာမျက်နှာမှာလဲ ဖတ်ရှုနိုင်ပါတယ်။http://www.bbc.co.uk/burmese/burma/2013/11/130706_china_party_hq_explosion.shtml
အေးချမ်းမွန် Credit To >BBC Burmesehttps://www.facebook.com/excellencemedia
http://ayechanmon-news1.blogspot.com/

အေးချမ်းမွန် Credit To >BBC Burmese
http://ayechanmon-news1.blogspot.com/
Post a Comment