မင်းမင်း၊ အောင်သူရထွန်း| သောကြာနေ့၊ နိုဝင်ဘာလ ၁၅ ရက်၊ ၂၀၁၃ ခုနှစ်
လွှတ်တော်ကိုပေးသည့် ကတိကြွေး မွေး/ရေနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အများဆုံးကျန်
အစိုးရ၀န်ကြီးဌာနများက ၎င်းတို့ လုပ်ဆောင်ပေးမည့် ကိစ္စရပ်များနှင့်ပတ်သက်၍ လွှတ်တော်၌ ကတိက၀တ်ပြုခဲ့သော်လည်း လက်တွေ့လုပ်ဆောင်ချက်မှာ နှေးကွေးနေသည်ဟု အမျိုးသားလွှတ်တော်က ဖွဲ့ စည်းထားသည့် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စောင့်ကြည့်သည့် ကော်မတီ ၏ အစီရင်ခံစာ သုံးသပ်ချက်တွင် ဖော်ပြထားသည်။
ကျင်းပပြီးခဲ့သည့် အမျိုးသားလွှတ်တော် အစည်းအဝေး ခြောက်ကြိမ်အတွင်း လွှတ်တော်အမတ်များ မေးထားသည့် မေးခွန်းများအနက် လုပ်ငန်းပေါင်း ၂၀၀ ကျော်ကို ၀န်ကြီးဌာနများက လုပ်ဆောင်ပေးမည်ဟု ကတိပေးခဲ့သော်လည်း လုပ်ငန်း ၂၈ ခုမှာ လုံးဝဆောင်ရွက်ပေးခြင်းမရှိသေးဘ
ထို့ကြောင့် “သက်ဆိုင်ရာ ၀န်ကြီးဌာနများက အမြန်ဆောင်ရွက်ပေးမှသာ ပြည်သူများက လွှတ်တော် ကိုယ်စားလှယ်များကို ယုံကြည်လာမည်ဖြစ်သကဲ့သို့ လွှတ်တော်နှင့် အစိုးရအပေါ် ယုံကြည်အားကိုးလာမည်ဖြစ်သည်”ဟု အစီရင်ခံစာပါအချက်များအား အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီဝင် လွှတ်တော်အမတ် ဦးသိန်းလှိုင်က နိုဝင်ဘာ ၁၄ ရက်က အထက်လွှတ်တော် တွင် ဖတ်ကြားသည်။
လုပ်ဆောင်ပေးပါမည်ဟု လွှတ်တော်တွင် ကတိပေးခဲ့သည့် ၀န်ကြီးဌာနများအနက် နိုင်ငံ၏ ၇၀ ရာခိုင်နှုန်းခန့် နေထိုင်သည့် ကျေးလက်နေပြည်သူများ၏ လူမှုဘ၀ကို မြှင့်တင်ပေးရသော မွေးမြူရေး၊ ရေလုပ် ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌ
အဆိုပါဝန်ကြီးဌာနမှာ လုပ်ဆောင်ပေးပါမည်ဟု လွှတ်တော်တွင် ကတိပြုထားသော လုပ်ငန်းပေါင်း ၅၀ အနက် ၃၇ ခုမှာ ဆောင်ရွက်နေဆဲသာဖြစ်ပြီး လုပ်ငန်း ၁၃ ခုမှာ ဆောင်ရွက်ပေးခြင်းမရှိသေးဟု အစီရင်ခံစာတွင် ပါရှိသည်။
ယခုကဲ့သို့ အစိုးရ၏ ၀န်ကြီးဌာနများက ပေးထားသည့် ကတိများကို ဖော်ဆောင်ရန်လုပ်ငန်းကြွေးများ ကျန်ရှိနေခြင်းနှင့်ပတ်သက်၍ ကတိက၀တ် စောင့်ကြည့်ရေးကော်မတီ၏ အဖွဲ့ဝင် ဒေါ်ခင်စောဝေက “အန်တီကတော့ ဘတ်ဂျက်ကြောင့်လို့ ထင်တယ်။ လွှတ်တော်ကလည်း ၀န်ကြီးဌာနတွေရဲ့ ဘတ်ဂျက် ကို ပြန်ပြီး ဖြတ်တာတောက်တာရှိတော့ အဲ့ဒါကြောင့်နေမှာပါ”ဟု သြဂုတ်လအတွင်းက မဇ္ဈိမကို ပြောဆိုထားသည်။
သို့သော် လွှတ်တော်အမတ်များ၏ မေးမြန်းမှုများအပေါ် ၀န်ကြီးဌာနများက ဘတ်ဂျက်ငွေ တောင်းခံပြီး ဆောင်ရွက်ပေးမည်ဟု ကတိပေးထားသော်လည်း ဘတ်ဂျက်တွင် တောင်းခံထားခြင်းမရှိသည်ကိုလည်း
အဆိုပါဝန်ကြီးဌာနများမှာ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနတို့ ဖြစ်သည်။
ထိုသို့ ကတိပေးပြီး မလုပ်ရသေးသည့် လုပ်ငန်းများမှာ လွှတ်တော်အစည်းအဝေးတွင် အမတ်များက ၎င်းတို့ဒေသရှိ လိုအပ်ချက်များကို တင်ပြကြသည့်အခါ သက်ဆိုင်ရာဝန်ကြီး သို့မဟုတ် ဒု-၀န်ကြီး တစ်ဦးဦးက လုပ်ဆောင်ပေးမည်ဟု အာမခံ ကတိပေးထားသော ကိစ္စများဖြစ်ကြသည်။
အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီအနေဖြင့် ပြည်ထောင်စု အစိုးရက ဆောင်ရွက်ပေးမည်ဟု ကတိပြုခဲ့သည့်လုပ်ငန်းများကို သတ်မှတ်သည့်ကာလအတွင်း ဆောင်ရွက်ပြီးစီးခြင်း ရှိ/ မရှိ စစ်ဆေးရသည့်အတွက် ယခုကဲ့သို့ အစီရင်ခံစာ ထွက်ရှိလာခြင်း ဖြစ်သည်။
အေးချမ်းမွန် Credit To >Mizzima - News in Burmese
Post a Comment