ဧရာဝတီတိုင်းဒေသကြီး လပွတ္တာ မြို့နယ်အတွင်းရှိ လယ်သမားများအား လယ်မြေပြန်လည်ရရှိရန် ဆောင်ရွက် ပေးမည်ဟု ဆိုကာ ငွေကြေးရယူ ထား သော ခေတ် သစ်ပြည်သူ့ပါတီဝင်နှစ်ဦး အား ရဲစခန်းမှ ထိန်းသိမ်းထားသည်ဟု သိရသည်။ ခေတ်သစ်ပြည်သူ့ပါတီ အရန်ဗဟိုအလုပ်အမှုဆောင် ကော်မတီ ဝင် ဦးသိန်းတန်က ဖြစ် ရပ်အား စုံစမ်း နေပြီး ဟုတ်မှန်ပါက ပါတီဘက်ကလည်း ထိုသို့လုပ်ကိုင်မှုကို လက်ခံသွား မည်မဟုတ်ဟု ပြောသည်။
”သူတို့အနေနဲ့ အမှန်တကယ် ကျူးလွန်ရင် ကျွန်တော်တို့ ပါတီက ထုတ်ပယ်တဲ့အထိ ပြုလုပ်မှာပါ” ဟု ၄င်းကဆိုသည်။
လက်ရှိတွင် ၄င်းတို့ပါတီအနေနှင့် ကော်မရှင်ဖွဲ့၍ စစ်ဆေးမှုများ ပြုလုပ် နေသည်ဟု ၄င်းက ထပ်မံဆိုသည်။
ခေတ်သစ် ပြည်သူ့ပါတီသည် ခေတ်သစ်သိပ္ပံ နိုင်ငံရေးဘောဂဗေဒ လေ့လာရေးကျောင်းတော်သားများ နိုင်ငံရေးအဖွဲ့မှ အသွင်ပြောင်းထား ခြင်းဖြစ်ကာ ၂ဝ၁ဝ အထွေထွေရွေး ကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူး သည်။ လယ်ယာမြေနှင့် အခြားမြေများ စုံစမ်းရေးကော်မရှင်က အမှုတွဲပေါင်း ၇ဝဝကျော်ကို လွှတ်တော်သို့ တင်သွင်းခဲ့သည်။ နိုင်ငံတော်သမ္မတက ထိုအမှု များကို တစ်နှစ်အတွင်း ဖြေရှင်းပေး မည်ဟု လွှတ်တော်သို့ အကြောင်းပြန် ခဲ့ပြီး ၂ဝ၁၃သြဂုတ် ၂ဝရက်မှ အောက် တိုဘာ ၂၅ ရက်နေ့အထိ အမှုပေါင်း ၅ မှု(မြေဧက ၁၉၇၃.ဝ၃) ပြီးပြတ် အောင် ရှင်းလင်း ခဲ့ပြီး ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်သို့ အောက် တိုဘာ ၃ဝ ရက် နေ့က အေ ကြာင်းပြန် ကြောင်း သိရသည်။
စိုင်းလမင်း
အေးချမ်းမွန် Credit To >Popular Myanmar News Journal
Post a Comment