ဒီဗွီဘီ ၂၀၁၃ နိုဝင်ဘာလ ၂၁ ရက် ( ကြာသပတေး )
ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်ခရိုင် ထလန်မြို့မှာ ဘိန်းစာရွက်နဲ့ ဆေးခြောက်တွေ ရောင်းချနေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၅ ဦးကို ထိုင်းမူးယစ်ရဲတပ်ဖွဲ့ဝင်တွေ ၀င်ရောက်ဖမ်းဆီးခဲ့ကြောင်း မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။
အမှတ် ၅ ခရိုင် ရဲတပ်ဖွဲ့က ရဲမှူးကြီး ၀ပ်ချရဖွန်းက သတင်းထောက်တွေကို ပြောကြားချက်အရ တလန်မြို့ ချိန်းထလေးရပ်ကွက်က မြန်မာအလုပ်သမားတွေ နေထိုင်ရာ တန်းလျားမှာ ဘိန်းစာရွက်၊ ဆေးခြောက်နဲ့ ချောင်းဆိုးပျောက်ဆေးတွေ ရောင်းချနေကြောင်း တာဝန်သိ ပြည်သူတွေက ရဲစခန်းကို စာရေးတိုင်တန်းခဲ့တာမှာ အရပ်ဝတ်ရဲတွေက အရင်စုံစမ်းပြီး နိုဝင်ဘာလ ၂၀ ရက်နေ့က ၀င်ရောက်ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
http://burmese.dvb.no/archives/46782
အေးချမ်းမွန် Credit To >DVB TV News
Post a Comment