ကိုတိုးကြီး| ကြာသပတေးနေ့၊ နိုဝင်ဘာလ ၂၁ ရက်၊ ၂၀၁၃ ခုနှစ်
မုံရွာ၊ မဇ္ဈိမ။ ။ မြန်မာ - အိန္ဒိယ နယ်စပ် တမူးမြို့နယ် အောင်ဇေယျမြို့သစ်တွင် နိုဝင်ဘာလ ၂၁ရက် နံနက် ၁နာရီ ၀၅ မိနစ်ခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားသည်ဟု သနန်မြို့သစ်၊ မြို့နယ်ခွဲ အထွေထွေအုပ်ချုပ်ရေး ရုံးဝန်ထမ်းတစ်ဦးက မဇ္ဈိမကို ပြောသည်။
လက်ရှိတွင် ဖောက်ခွဲသူများနေထိုင်နိုင်သည်ဟ
ထိုပေါက်ကွဲမှုကြောင့် လူအသေအပျောက် ထိခိုက်ဒဏ်ရာများ မရရှိခဲ့သော်လည်း ဒေါ်ဝင်းတင်၏ နေအိမ်အတွင်းရှိ စားပွဲဝိုင်းမှ ဖိုက်ဘာ ထိုင်ခုံ ငါးလုံး၊ မှန်ပြတင်တံခါး ရှစ်ချပ်နှင့် အိမ်းမိုးသွပ်ပြားတစ်ချပ်တို့ ပျက်စီးသွားခဲ့သည်။ ထို့အပြင် သူမ၏ မိခင်ဖြစ်သူ ဒေါ်ပု၏ နေအိမ် လှေကားခုံများလည်း ပျက်စီးခဲ့သည်။
၂၀၁၂ခုနှစ်ကလည်း အဆိုပါဒေသတွင် သံကူကွန်ကရစ် သံဘေလီဘောင်တံတားတစ်စင်းအား အမည်မသိ လက်နက်ကိုင် အဖွဲ့တစ်ခုမှ မိုင်းထောင်ဖောက်ခွဲခဲ့သည့်အတွက
အေးချမ်းမွန် Credit To > Mizzima - News in Burmese
Post a Comment