(22.11.2013)
*****************************************
(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနား ကြည့်ရှုခွင့်လက်မှတ်များကို နိုဝင်ဘာ(၁၈)ရက်က
စတင်ရောင်းချခဲ့ရာ လာရောက်ဝယ်ယူသူများ အထူးများပြားခဲ့ပြီး
(၃)ရက်အတွင်း လက်မှတ်ကုန်သွားသည်အထိ ရောင်းအားကောင်း
ခဲ့သည်ဟု ဆီးဂိမ်းကြည့်ရှုခွင့်လက်မှတ်အတွက် ရန်ကုန်မြို့တွင်
ရောင်းချခွင့်ရရှိခဲ့သော မိုးယံရွှေလမင်းနှင့် မြတ်ဆုကုဋေထီဆိုင် ဆီးဂိမ်း
လက်မှတ်ရောင်းချရေးမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ
သိရသည်။ (၄၄)နှစ်ကြာကာအတွင်း အိမ်ရှင်အဖြစ် ပြန်လည်
လက်ခံကျင်းပခွင့်ရရှိခဲ့သည့်အတွက် ပြည်သူလူထုများကလည်း ကြည့်ရှုခွင့်လက်မှတ်ရရှိရန်အတွက်ကို တန်းစီစောင့်ဆိုင်းဝယ်ယူခဲ့
ရကြောင်း လက်မှတ်လာဝယ်သူတချို့က ပြောကြားခဲ့ကြသည်။
ကြည့်ရှုခွင့်လက်မှတ်အတွက် အထူးတန်းလက်မှတ်တစ်စောင်
ကို ငွေကျပ်(၅၀၀၀)နှင့် ရိုးရိုးတန်းလက်မှတ်တစ်စောင်ကို ကျပ်(၃၀၀၀)နှုန်းသတ်မှတ်ထားပြီး ရန်ကုန်မြို့အတွက် ကြည့်ရှုခွင့်
လက်မှတ်စောင်ရေ(၁၀၀၀)ရောင်းချမည်ဖြစ်သည်ဟု သိရသည်။
နေပြည်တော်၌ ကျင်းပမည့် ဆီးဂိမ်းဖွင့်ပွဲပိတ်ပွဲအခမ်းအနားကို အားကစားကွင်းကို သွားရောက်ကြည့်ရှုမည့်သူများ များပြားလှသလို သွား ရောက်ကြည့်ရှုရန် အဆင်မပြေသူများကလည်း ရုပ်သံများမှ
တိုက်ရိုက်ထုတ်လွှင့်မှုများကို စောင့်ကြည့်သွားမည်ဟုလည်း ပရိသတ်တစ်ဦးက ပြောကြားခဲ့သည်။(၂၇)ကြိမ်မြောက် အရှေ့တောင်
အာရှအားကစားပြိုင်ပွဲတွင် အားကစားနည်းပေါင်း(၃၃)မျိုး ပါဝင်
မည်ဖြစ်ပြီး ရန်ကုန်-မန္တလေးနှင့် ငွေဆောင်ကမ်းခြေတို့တွင် ကျင်းပသွား
မည်ဖြစ်သည်ဟု သိရှိရသည်။
အေးချမ်းမွန် Credit To > SkyNet TV Browser

Post a Comment