လော့အိမ်ဂျလစ် မော်တော်ယာဉ် ပြပွဲမှာ ရေပန်းစားသွားတဲ့ ကား ဖြစ်ပြီး ဗြိတိန် ရဲ့  အအောင်မြင်ဆုံး Mini Cooper တစ်စီး ဖြစ်ပါတယ်။
Mini ကုမ္မဏီအနေနဲ့ ထုတ်လုပ်လာတဲ့ Cooper များဟာ ကမ္ဘာ့ဈေးကွက်မှာ Fiat နဲ့ အပြိုင် အောင်မြင်နေတဲ့ မီနီကား ဖြစ်ပါတယ်။ ယခု ၂၀၁၄ မော်ဒယ် သစ်မှာ ထူခြားချက် အနေနဲ့ အင်ဂျင် ကြီးလာခြင်းနဲ့ အခြား အဆင့်မြင့် Feature သစ်များ ပါဝင်လာခြင်းတို့ ဖြစ်ပါတယ်။ အင်ဂျင်အရွယ် ၁.၅ လီတာရှိပြီး ဆလင်ဒါ ၃ လုံးပူး အင်ဂျင်ကိုသာ အသုံးပြုထားခြင်း ဖြစ်ပါ တယ်။ သို့ပေမယ့် မြင်းကောင်ရေအား ထုတ်လုပ်နိုင်မှု ၁၃၄ ရှိတာကို တွေ့ရ ပါတယ်။ ၂ လီတာ တာဘိုချာဂျာတပ် ဗားရှင်းလည်း ထုတ်လုပ်ထားပြီး သူကတော့ မြင်းကောင်ရေအား ၁၈၉ အထိ ထုတ်လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။
တံခါး ၂ ပေါက် လေးယောက်စီး မီနီကားငယ်များ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်မော်ဒယ်ကို ၂၀၁၄ နှစ်ဆန်းအတွင်း ဖြန့်ချိ ရောင်းချသွား မှာ ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: autoblog
Aung Kham ( colay.com.mm )
အေးချမ်းမွန် Credit To > Colay:Automobile

Post a Comment