မြန်မာ့ လွတ်လပ်ရေးကြိုးပမ်း မှု သမိုင်း မှာ အထင်ကရ ဖြစ် တဲ့ အဖွဲ့  အစည်း တွေ ဖြစ် တဲ့ တို့  ဗမာ အစည်း အရုံး နဲ့  ဗမာ့ လွတ်မြောက်ရေး တပ်မတော် BIA ကို တည် ထောင်ခဲ့ တဲ့ ဗိုလ်ရဲထွဋ် ဟာ အသက် ၉၂ နှစ် အရွယ် ဗုဒ္ဓဟူး နေ့  ညက ရန်ကုန် မြို့  မှာ ကွယ် လွန် သွား ခဲ့ ပါတယ်။
လွတ်လပ် ရေး အကြို ခောတ်မှာ တပ်ရင်းမှုး ၊ တိုင်းမှုး တာဝန်တွေ အထိ ထမ်းဆောင်ခဲ့ ပြီး လွတ်လပ် ရေး ရ တော့ တောခို ခဲ့ ပါတယ်။
၁၉၆၂ ခုနှစ် မှာ အလင်းပြန်ဝင် ခဲ့ ပြီး မြန်မာ့ ဆိုရှယ်လစ် ပါတီ မှာ ထိပ်တန်း
တာဝန်တွေ ထမ်းဆောင်ခဲ့ ကာ ၁၉၈၈ ခုနှစ် မှာ တော့ ဒီမိုကရေစီ အရေးတော် ပုံ မှာ ပါဝင် ဆောင်ရွက် ခဲ့ ပါတယ်။
၁၉၈၈ ခုနှစ် စစ်အဏာသိမ်းပြီး နောက် မှာ တော့ ဗိုလ်ရဲထွဋ် ဟာ အာဏာရှင် ဆန့် ကျင် ရေး ကို ဆက်လက် လုပ်ဆောင်ခဲ့ ပါတယ်။
သူ ဟာ ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင် တဲ့ ရဲဘော် သုံး ကျိပ် မှာ တစ်ဦး တည်း သက်ရှိ ထင်ရှား ကျန် ရှိ နေသူ တစ်ဦး ဖြစ် ပြီး မနှစ် က ဗိုလ်ချုပ် ကျော်ဇာ ဟာ တရုတ် ပြည်မှာ ကွယ် လွန် ခဲ့ ပြီး ဗိုလ်နေ၀င်း က တော့ ၂၀၀၃ ခုနှစ် က ကွယ်လွန်ခဲ့ ပါတယ်။
အေးချမ်းမွန် Credit To >Freedom News Group(Burma)
Post a Comment