0


၁၉၆၉ ခုနှစ် ကတည်းက ထုတ်လုပ်ဖြန့်ချိလာတဲ့ Nissan Skyline GT-R ကို သိတဲ့သူများ သိကြမှာပါ။ ယခု ၂၀၁၅ မော်ဒယ်ကို ပုံမှာ မြင်တွေ့ရ ပါတယ်။

အင်ဂျင်အရွယ် ၃.၈ လီတာ ဆလင်ဒါ ၆ လုံးပူး V အင်ဂျင် ပစ်စတင်ကို တပ်ဆင်ထား ပါတယ်။ မြင်းကောင်ရေ အား ထုတ်လုပ်နိုင်မှုက ၅၄၅ တောင် ရှိပါတယ်။ ဂီယာ ၆ ချက်ထိုး DCT အမျိုးအစားကို အသုံးပြုထား ပါတယ်။ အင်ဂျင် အလတ်စား စွမ်းဆောင်ရည် အသင့်တင့်ကား ဖြစ်ပါတယ်။ ဂျပန်၊ ဟောင်ကောင်၊ သြစတေးလျ၊ နယူးဇီလန် နိုင်ငံ တို့မှာ လူကြိုက်များ အောင်မြင်တဲ့ ပြိုင်ကား ဖြစ်ပါတယ်။ တံခါး ၂ ပေါက် အရွယ်သေး ပြိုင်ကား ဖြစ်ပါတယ်။

အင်ဂျင်အရွယ် သေးတဲ့ အမျိုးအစားပါ ထပ်မံ ထုတ်လုပ်အုံးမှာ ဖြစ်ပါတယ်။ ကာလတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၅ သောင်းဝန်းကျင် ကုန်ကျမယ်လို့ ခန့်မှန်းထားကြောင်း သိရ ပါတယ်။
.
Ref: autoblog
Aung Kham ( colay.com.mm )

အေးချမ်းမွန် Credit To >Colay:Automobile https://www.facebook.com/excellencemedia
1

Post a Comment

 
Top