တောင်ကိုရီးယား Hyundai ကုမ္မဏီက ထုတ်လုပ်တဲ့ Hyundai Elantra 2014 မော်ဒယ်ကို ပုံမှာ ယခုလို မြင်တွေ့ ရပါတယ်။
ဈေးနှုန်းသင့်တင့်ပြီး နည်းပညာ အဆင့်မြင့်တဲ့ ဆလွန်းကား တစ်စီး အဖြစ်မြင်တွေ့ရမှာ ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စု၊ လော့အိမ် ဂျလစ် မော်တော်ယာဉ်ပြပွဲမှာ ပြသခဲ့တဲ့ တောင်ကိုရီးယား Hyundai ရဲ့  Product သစ် တစ်ခု ဖြစ်ပါတယ်။ အင်ဂျင်အရွယ် ၂ လီတာ ရှိပြီး ဆလင်ဒါ လေးလုံးပူး Inline အင်ဂျင်ကို အသုံးပြုထား ပါတယ်။ မြင်းကောင်ရေအား ထုတ်လုပ်နိုင်မှုက ၁၇၃ ရှိပါတယ်။ ဆီစား သက်သာဖို့ ရည်ရွယ်ထားတဲ့ ကားတစ်မျိုး ဖြစ်ကြောင်းလည်း ဆိုပါတယ်။
မြို့ တွင်းလမ်းမပေါ် ဆီတစ်ဂါလံ သုံးရင် ၂၅ မိုင် မောင်းနှင်နိုင်ပြီး ဟိုင်းဝေးမှာ ၃၄ မိုင် ခရီးသွားမှာ ဖြစ်ပါတယ်။ နောက်ထပ် ဗားရှင်း တစ်ခုအနေနဲ့ အင်ဂျင် ပိုသေးတဲ့ ၁.၈ လီတာ ဗားရှင်းကိုလည်း မြင်တွေ့ ရမှာ ဖြစ်ပါတယ်။ တံခါးလေးပေါက် Sedan ဖြစ်ပြီး Sport Version ကို ပြပွှဲမှာ ဝင်ရောက်ပြသခဲ့ ပါတယ်။ ၂၀၁၄ မော်ဒယ် Hyundai Elantra ကို ၂၀၁၄ နှစ်ဆန်းပိုင်းအတွင်း ဖြန့်ချိ ရောင်းချသွားမှာ ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: autoblog
Aung Kham ( Colay.com.mm )
အေးချမ်းမွန် Credit To >Colay:Automobile < Thankhttps://www.facebook.com/excellencemedia
Post a Comment