Puma လို့အမည်ရတဲ့ ဘရာဇီး အခြေဆိုက် မော်တော်ယာဉ် ထုတ်လုပ်ရေး ကုမ္မဏီက ပြိုင်ကားကိုပဲ အဓိကထား ထုတ်လုပ်ခြင်း ဖြစ်ပါတယ်။ ပုံမှာ မြင်တွေ့နေရတဲ့ကားကို အမေရိကန်၊ လော့အိမ်ဂျလစ် မော်တော် ယာဉ် ပြပွဲမှာ ဝင်ရောက်ပြသခဲ့ခြင်း ဖြစ်ပါတယ်။
ထူးခြားချက်အနေနဲ့ ဖွဲ့စည်းတည်ဆောက်ပုံ ဖြစ်ပြီး ရှေ့ ဘီးက သိသိသာသာ ကြီးပါတယ်။ အင်ဂျင်အရွယ် ၇လီတာ ရှိပြီး ဆလင်ဒါ ၈ လုံးပူး V အင်ဂျင်ကို အသုံးပြုထားခြင်း ဖြစ်ပါတယ်။ GM ရဲ့  LS7 အင်ဂျင် အမျိုးအစား ကိုပဲ ဝယ်ယူတပ်ဆင်ထားခြင်း ဖြစ်ပါတယ်။ မြင်းကောင်ရေအား ထုတ်လုပ်နိုင် မှုက ၅၀၅ ရှိပါတယ်။ ဂီယာ ၆ ချက်ထိုး အော်တို အမျိုးအစားကို အသုံးပြု ထားပြီး ၅.၉ စက္ကန့်အတွင်း တစ်နာရီ မိုင် ၆၀ နှုန်း အမြန် Accelearation ကိုတင်ပေးနိုင်ကြောင်း ဆိုပါတယ်။ မြို့ တွင်းမှာ ဆီတစ်ဂါလံအတွက် ၁၄ မိုင် သွားနိုင်ပြီး ဟိုင်းဝေးမှာ ၂၂ မိုင် သွားနိုင်မှာ ဖြစ်ပါတယ်။
အမိုးပွင့် ပြိုင်ကား ဖြစ်ပါတယ်။ ၂၄၂ လက်မ အရှည်၊ ၉၃ လက်မ အကျယ်၊ ၇၂ လက်မ အမြင့်ရှိတဲ့ကား ဖြစ်ပြီး Wheelbase က ၁၆၃.၅ လက်မ ရှိပါတယ်။ အသံနဲ့ ထိန်းချုပ်ပြောဆိုရမယ့် လမ်းညွန်စနစ်၊ Bluetooth, Satellite ရေဒီယို၊ Xenon မီးလုံး အစရှိသဖြင့် ခင်းကျင်း တပ်ဆင်ထား တာမို့ ဈေးလည်း သေးမယ့်ကား တော့ မဟုတ်ပါဘူး။ သူရဲ့  တန်ဖိုးက အမေရိကန်ဒေါ်လာ ၁.၁ သန်း ရှိပါတယ်။ ဒီတော့ ကမ္ဘာ့ ဈေးအကြီးဆုံး ကား စာရင်းထဲလည်း ပါဝင်လာအုံးမှာ ဖြစ်ပြီး ၂၀၁၄ နှစ်ဆန်း အတွင်း ရောင်း ချသွားမှာ ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: autoblog
Aung Kham ( Colay.com.mm )
အေးချမ်းမွန် Credit To >Colay:Automobile < Thankhttps://www.facebook.com/excellencemedia
Post a Comment