[ ဘာလင် ၊ အောက်တိုဘာ ၂၇ ၊ Ref-AFP ]
လွန်ခဲ့သည့်ရက်က ဂျာမနီ ဝန်ကြီးချုပ် အင်ဂျဲလာမာကယ် သည် အမေရိကန်ပြည်ထောင်စု အမျိုးသားလုံခြုံရေးအေဂျင်စီ (NSA)က သူ၏ဖုန်းအဆက်အ သွယ်ကို စောင့်ကြည့်စစ်ဆေးမှု နှင့်ပတ်သက်၍ ဖြေရှင်းချက်ပေး ရန် သမ္မတအိုဘားမားထံဖုန်းခေါ် ဆို၍ တောင်းဆိုခဲ့သည်ဟု သိရ သည်။ မစ္စမာကယ်နှင့်ပတ်သက် ၍ ဂျာမန်ထောက်လှမ်းရေးဌာန ၏ စုံစမ်းစစ်ဆေးမှုအပေါ် အ ခြေခံ၍ထွက်ပေါ်လာသော အစီ ရင်ခံစာအရသိရှိရပြီး ခြေခြေမြစ် မြစ်ရှိသော အစီရင်ခံစာဖြစ်ကြောင်း နှင့် ထွက်ပေါ်လာသော သတင်း အပေါ်ဂျာမနီနိုင်ငံအတွင်း အ မျက်ဒေါသထွက်လျက်ရှိကြောင်း သိရသည်။
မစ္စမာကယ်၏ဖုန်းအဆက် အသွယ်ကို ပစ်မှတ်ထားကာ အမေရိကန်အစိုးရအေဂျင်စီက ကြားဖြတ်ခိုးနားထောင်နေခြင်း မှာ ခိုင်လုံသောအထောက်အ ထားဖြစ်ကြောင်း တွေ့ရှိခဲ့သည့် အတွက် မစ္စမာကယ်က အိမ်ဖြူ တော်သို့ဖုန်းခေါ်ဆို၍ ရှင်းလင်း ချက်ပေးရန် တောင်းဆိုခဲ့သည်ဟု သိရသည်။
ပြင်သစ်သမ္မတဖရန်ဆွာ အိုလန်းက သမ္မတဘားရက်အို ဘားမားထံဖုန်းဆက်သွယ်ခေါ် ဆိုကာ NSA ၏လုပ်ရပ်နှင့်ပတ် သက်၍ ရှင်းလင်းချက်ပေးရန် တောင်းဆိုခဲ့ပြီးနောက် NSA ၏ လုပ်ရပ်အပေါ် ဘာလင်တွင် မ ကျေမနပ်အမျက်ထွက်မှုများဖြစ် ပေါ်လာခဲ့ခြင်းလည်းဖြစ်သည်။
NSA သည် ပြင်သစ်နိုင်ငံသားတို့ ၏ သန်းနှင့်ချီသောပုဂ္ဂိုလ်ရေး ဖုန်းဆက်သွယ်ခေါ်ဆိုမှုများနှင့် အမှာစကားပေးမှုများကို ပစ် မှတ်ထားကာ သတင်းအချက်အ လက်များ စုဆောင်းလျက်ရှိ ကြောင်း စွပ်စွဲလျက်ရှိသည်။ မာ ကယ်၏ပြောခွင့်ရပုဂ္ဂိုလ် စတက် ဖင်ဆိုင်ဘတ်၏အဆိုအရ မစ္စ မာကယ်က သမ္မတအိုဘားမား ကိုဖုန်းခေါ်ဆိုကာ ကက်ကက်လန် ရန်တွေ့ခဲ့သကဲ့သို့ NSA ၏ လုပ် ရပ်မှာ စိတ်ကုန်စရာကောင်း ကြောင်းနှင့် လက်သင့်ခံနိုင်ဖွယ် ရာမရှိသည့်လုပ်ရပ်ဖြစ်သည့်အ တွက် ချက်ချင်းလက်ငင်းရပ်ဆိုင်း ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ သည်ဟု သိရသည်။
အေးချမ်းမွန် Credit To >Yangon Media Group
![Photo: NSA က ဂျာမန်ဝန်ကြီးချုပ်၏ဖုန်းကို ကြားဖြတ်ခိုးနားထောင်မှု သမ္မတအိုဘားမားထံ ဖြေရှင်းချက်တောင်း

အေးချမ်းမွန် Credit To >Yangon Media Group <Thanks
https://www.facebook.com/excellencemedia](https://fbcdn-sphotos-f-a.akamaihd.net/hphotos-ak-frc3/p480x480/1391521_537570839667787_1994633255_n.jpg)
Post a Comment