[ဆိုးလ် ၊ အောက်တိုဘာ ၂၄ ၊ Ref-AFP ]
တောင်ကိုရီးယားနိုင်ငံ၌ နှစ်စဉ် အောက်တိုဘာလတွင် တောင်ကိုရီးယားဆရာ၊ ဆရာမ များနှင့် ပါမောက္ခများကို စာမေး ပွဲမေးခွန်းလွှာထုတ်ရန် တင်းကျပ် စွာ သီးခြားအကျယ်ချုပ်ဖြင့်ထား ရှိသည်ဟု သိရသည်။အေအက်ဖ်ပီသတင်းဌာန ၏ ဖော်ပြချက်အရ တောင်ကိုရီး ယားတွင် နှစ်စဉ် နေ့ကျောင်းစာ မေးပွဲ ဖြေဆိုမှုအပြင် အရပ်ဒေ သ မသိရသော အဝေးရောက် စာမေးပွဲဖြေဆိုသူမှာ အယောက် ၇၀၀ ခန့်ရှိသည်ဟု သိရသည်။ တောင်ကိုရီးယားပညာရေးဌာန ၏ ပြောကြားချက်အရ မေးခွန်း ထုတ်သည့်ဆရာ၊ ဆရာမများနှင့် ပါမောက္ခများကို နိုင်ငံတစ်ဝန်း သင်္ချာဘာသာမှ အင်္ဂလိပ်စာဖြေ ကြားပြီးချိန်အထိ မေးခွန်းပေါက် ကြားခြင်းမရှိရန်အတွက် လျှို့ဝှက် သောနေရာတွင် တင်းကျပ်သော စောင့်ကြည့်မှုနှင့် အကျယ်ချုပ် ထားရှိပြီး ယင်းသို့မေးခွန်းထုတ် ပေးသည့်အတွက် ဒေါ်လာ ၁၀၀၀၀ လုပ်အားခရရှိသည်ဟု သိရသည်။
အမည်မဖော်သော စာမေး ပွဲမေးခွန်းထုတ်ခဲ့ဖူးသူတစ်ဦးက ၎င်းတို့အား ဝင်းခတ်ထားသော အဆောက်အအုံအတွင်း လုံခြုံ ရေးကင်မရာများဖြင့် စောင့်ကြည့် လျက်ရှိပြီး ဖုန်းများနှင့် အင်တာ နက်အဆက်အသွယ်များကိုလည်း သိမ်းဆည်းကာ လုံးဝသုံးစွဲခွင့်မပြု ဟု ဆိုသည်။ ထို့အပြင် မိသားစု များနှင့် ဆက်သွယ်ရန်အကြောင်း ရှိလာပါက အစောင့်များမှတစ် ဆင့်သာ မှာကြားမှုပြုနိုင်ပြီး အ စားအသောက်များမှ အမှိုက်စက္ကူ စများကိုပင် လိုက်လံစစ်ဆေးမှုပြု သည်ဟု သိရသည်။
ကျန်းမာရေး စောင့်ရှောက်မှုအတွက်လည်း သီး ခြား ဆရာဝန်ထားရှိပြီး လိုအပ် သည်ထက် စကားပြောဆိုခွင့်မရှိ ကာ အစောင့်တစ်ဦးက လိုက်လံ စောင့်ကြပ်လျက်ရှိသည်ဟု ဆို သည်။
၂၀၁၃ခုနှစ် နိုင်ငံတစ်ဝန်း လုံးကျင်းပမည့် တောင်ကိုရီးယား စာမေးပွဲကို နိုဝင်ဘာ ရရက် တွင် စတင်ကျင်းပသွားမည်ဟု သိရသည်။
အေးချမ်းမွန် Credit To > Yangon Media Group
Post a Comment