ကိုဂျူ (ကသာ)
ကသာ ၊ အောက်တိုဘာ ၂၄ ။ ။ အောက်တိုဘာ၂၄ရက် နံနက်၉ နာရီခွဲက အိပ်ခန်းထဲအထိ ဝင် ရောက်ခိုးယူနေသည့် သူခိုးတစ်ဦးကို မိန်းကလေးငယ်တစ်ဦးက ဉာဏ် ကောင်းစွာဖြင့် အိပ်ခန်းတံခါး အား သော့ခတ်ပေးထားမှုကြောင့် ရဲ တပ်ဖွဲ့ဝင် များမှ အလွယ်တကူ ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ကသာမြို့ အ မှတ်(၇)ရပ်ကွက်နေ ဒေါ်ရင်တိုး (ခ)ဒေါ်တင်တင်တိုး သည် အလှ ပြင်ဆိုင်သို့ရောက်ရှိနေစဉ် အိမ် တွင်ကျန်ရှိနေခဲ့သော သမီးငယ် မယဉ်မွန်အောင် ၁၇ နှစ်က ဖုန်း ဆက်၍ အိမ်ရှိအိပ်ခန်းအတွင်း သူခိုးတစ်ဦး ဝင်ရောက် ပြီး ငွေ များ ခိုးယူနေသည် ကို တွေ့ရ၍ အိပ်ခန်းတံခါးကို သော့ခတ်ထား လိုက်ကြောင်း အသိပေးခဲ့သည်။
သမီးငယ်၏ပြောဆိုချက် အရ မိခင်ဒေါ်ရင်တိုးမှ ကသာ ရဲစခန်းသို့ ဆက်လက်သတင်းပို့ ခဲ့ရာ ရဲစခန်းမှတပ်ဖွဲ့ဝင်များလိုက် ပါလာကာ အခန်းတံခါးသော့ဖွင့် ၍ အလွယ်တကူဖမ်းဆီးရမိနိုင်ခဲ့ ခြင်းဖြစ်သည်။
ထိုသို့ဖမ်းဆီးရမိစဉ် မေး မြန်းချက် များ အရ ခိုးယူထားသော ငွေကျပ် ငါးသိန်း အား အိပ်ခန်း ပြတင်းပေါက်မှ ရေချိုးကန် ဘက် သို့ပစ်ထားကြောင်း သိရပြီး လိုက် လံရှာဖွေခဲ့ရာ ခိုးယူသူပစ်ထားခဲ့ သော ကျပ်၁ဝဝဝဝတန် အရွက် ၅ဝကိုပြန်ရရှိခဲ့ကြောင်း သိရသည်။ ထိုသို့ဖမ်းဆီး ရမိခဲ့ သော ခိုးယူသူ မောင်စိုး(ခ)စိုးမင်းသန်း ၄ဝနှစ်အား ကသာရဲစခန်းမှ (ပ) ၃၀၄/၁၃ဖြင့် မှတ်တမ်းရေးသွင်း ပြီး ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ(၃၈၀) အရအရေးယူဆောင်ရွက်နိုင်ရေး ဆောင်ရွက်နေကြောင်း သိရသည်။
အေးချမ်းမွန် Credit To >Yangon Media Group
Post a Comment