0
လန်ဒန် အောက်တိုဘာ ၂၂

ဆီးရီးယားနိုင်ငံ၏ မိတ်ဆွေများဟု အမည်ပေးထားသည့် အာရပ်နှင့် အနောက်နိုင်ငံပေါင်း ၁၁ နိုင်ငံမှ နိုင်ငံခြားရေး ဝန်ကြီးများသည် ဆီးရီးယား အတိုက်အခံ တပ်ဖွဲ့မှ အရာရှိများနှင့် လန်ဒန်မြို့ တွင် တွေ့ဆုံသွားမည် ဖြစ်သည်ဟု အင်တာနက် သတင်းတစ်ပုဒ်၏ ဖော်ပြချက် အရ သိရသည်။

အဆိုပါတွေ့ဆုံမှုသည် ဆီးရီးယားအရေးနှင့် ပတ်သက်၍ ဂျီနီဗာမြို့တွင် နိုဝင်ဘာလအတွင်း ထပ်မံပြုလုပ်မည့် ဒုတိယအကြိမ် စေ့စပ်ညှိနှိုင်းမှု ဆွေးနွေးပွဲများ၌ အတိုက်အခံ အဖွဲ့ပါ ဝင်တက်ရောက်နိုင်ရန် ကြိုးပမ်းသည့် အနေဖြင့် ကျင်းပမည့် တွေ့ဆုံမှု ဖြစ်ကြောင်း သိရသည်။

ဆီးရီးယား မိတ်ဆွေ နိုင်ငံများ၏ ကြိုးပမ်းမှုသည် သမ္မတဘာရှာ အယ်လ်အာဆတ်ကို ဖြုတ်ချမည် ဟူသော သဘောတူညီချက် မရရှိခဲ့ပါက ဂျီနီဗာ ဆွေးနွေးပွဲတွင် မိမိတို့ဘက်မှ ပါဝင် တက်ရောက်ခြင်း မပြုဟူသော ဆီးရီးယား အဓိက အတိုက်အခံ အဖွဲ့၏ ပြောကြားချက် ထွက်ပေါ်လာပြီး နောက်ပိုင်းတွင် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

ဆီးရီးယား မိတ်ဆွေနိုင်ငံများတွင် အာရပ် - အနောက်နိုင်ငံများ ဖြစ်သော ဗြိတိန်၊ အီဂျစ်၊ ပြင်သစ်၊ ဂျာမနီ၊ ဂျော်ဒန်၊ အီတလီ၊ ကာတာ၊ ဆော်ဒီအာရေဗျ၊ တူရကီ၊ အာရပ်စော်ဘွား များပြည်ထောင်စုနှင့် အမေရိကန် ပြည်ထောင်စုတို့ ပါဝင်သည်ဟု သိရသည်။

http://www.myawady.net.mm/allnews/global/item/28676-2013-10-23-13-05-30

အေးချမ်းမွန် Credit To > မြ၀တီhttps://www.facebook.com/excellencemedia

Post a Comment

 
Top