0


နေပြည်တော် အောက်တိုဘာ ၁၈

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သော မြန်မာ့တပ်မတော်အဆင့်မြင့်ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် သံအမတ်ကြီး ဦးတင်ဦး၊ စစ်သံမှူးဗိုလ်မှူးကြီး အောင်ချိန်နှင့် FAO ညွှန်ကြားရေးမှူးချုပ် Rear Admiral Guan Youfei တို့နှင့်အတူ အောက်တိုဘာ ၁၇ ရက် ဒေသစံတော်ချိန်နံနက် ၈ နာရီ ခွဲတွင် ပေကျင်းမြို့ တရုတ်ပြည်သူ့ လွတ်မြောက် ရေးတပ်မတော် Nanyuan လေယာဉ်ကွင်းမှတရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အထူးလေယာဉ်ဖြင့် ထွက်ခွာ ခဲ့ရာ He Nan ပြည်နယ်၊ Lou Yang မြို့ လေဆိပ်သို့ ရောက်ရှိရာ လော့ရန်စစ်ဒေသခွဲမှူး Senior Colonel Chen Feng Hui မှကြိုဆိုနှုတ်ဆက်သည်။

ယင်းနောက် မော်တော်ယာဉ်များဖြင့် ဆက်လက်ထွက်ခွာခဲ့ရာ White Horse ဘုရားကျောင်းသို့ရောက်ရှိပြီး ဘုရား ကျောင်းရှိ ဗုဒ္ဓရုပ်ပွားတော်အား ဆီမီး၊ အမွှေး တိုင်များကပ်လှူ၍ ဖူးမြော်ကြည်ညိုကြပြီး White Horse ဘုရားကျောင်း ဆရာတော် သဒ္ဓမ္မဇောတိကဓဇ Most Ven Yin Le ထံလှူဖွယ်ပစ္စည်းနှင့်န၀ကမ္မအလှူငွေများဆက်ကပ်လှူဒါန်းကာ ဘုရားကျောင်း ပြတိုက်အတွင်း လှည့်လည်ကြည့်ရှုသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတကြီး ဦးဆောင်၍ မြန်မာပြည်သူတို့၏သဒ္ဓါတရားထက်သန်စွာဖြင့် တည်ထားလှူဒါန်း သည့် ဉာဏ်တော် ၁၀၈ ပေအမြင့်ရှိသော မဟာစိနပဘာ ရွှေတိဂုံပုံတူစေတီတော်၊ ကျိုက်ထီးရိုး စေတီပုံတူနှင့် နဂါးရုံတို့အား မြန်မာဗိသုကာလက်ရာများနှင့် ဆောက်လုပ်မှုအခြေအနေများကို လှည့်လည်ကြည့်ရှုကြ သည်။ စေတီတော်များမှာ ၈၀ ရာခိုင်နှုန်းခန့်ပြီးစီးလျက် ရှိပြီး ၂၀၁၃ ခုနှစ် ဒီဇင်ဘာလအတွင်း ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အပြည့်အစုံဖတ်၇န် http://www.moi.gov.mm/npe:zg/news/19/10/2013/id-6955

အေးချမ်းမွန် Credit To >သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းhttps://www.facebook.com/excellencemedia

Post a Comment

 
Top