0


ဂျိုအာချင်လိုသည် ယူရို ၂၀၁၆ ပြိုင်ပွဲအထိ ဂျာမနီအသင်း နည်းပြအဖြစ် ဆက်လက်ရှိနေမည့် စာချုပ်သစ်တစ်ရပ်အတွက် ဂျာမန်ဘောလုံးအဖွဲ့ချုပ် (DFB) နှင့် သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။

အသက် ၅၃ နှစ်အရွယ် ဂျိုအာချင်လို၏ ယခင်စာချုပ်သက်တမ်းသည် ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲ အပြီးတွင် ကုန်ဆုံးမည် ဖြစ်သော်လည်း နှစ်နှစ်စာချုပ်သက်တမ်း ချုပ်ဆိုနိုင်ခဲ့ပြီးနောက် ၎င်း၏ အနာဂတ်နှင့် ပတ်သက်ပြီး ဝေဖန်မှုများကို အဆုံးသတ်နိုင်ခဲ့သည်။

လိုသည် ဂျာဂင်ကလင်းစမန်း၏ လက်ထောက်နည်းပြ အဖြစ် တာဝန်ယူခဲ့ပြီးနောက် ၂၀၀၆ ခုနှစ်တွင် ဂျာမနီနည်းပြ ရာထူးအဖြစ် စတင် တာဝန်ထမ်းဆောင်ခဲ့ခြင်း ဖြစ်သည်။

၎င်းသည် ဂျာမနီအသင်းကို ယူရို ၂၀၀၈ ပြိုင်ပွဲ ဗိုလ်လုပွဲသို့ ပို့ဆောင်ပေးနိုင်ခဲ့ပြီး ၂၀၁၀ ကမ္ဘာ့ဖလားနှင့် ၂၀၁၂ ယူရိုပြိုင်ပွဲများတွင်လည်း အသင်းအား အကြိုဗိုလ်လုပွဲသို့ ရောက်ရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။

ဂျာမနီအသင်းသည် လက်ရှိ ဖီဖာအဆင့်သတ်မှတ်ချက်တွင် ဒုတိယနေရာ၌ ရပ်တည်နေပြီး လာမည့်နှစ် ဘရာဇီးလ်တွင် ကျင်းပမည့် ကမ္ဘာ့ဖလားပြိုင်ပွဲကိုလည်း ၁၀ ပွဲကစား ရှုံးပွဲမရှိ ရမှတ် ၂၈ မှတ်ဖြင့် ခြေစစ်ပွဲအောင်ကာ တိုက်ရိုက်တက်ရောက်နိုင်ခဲ့သည်။


အေးချမ်းမွန် Credit To >Soccer Myanmar
https://www.facebook.com/excellencemedia

Post a Comment

 
Top