စစ်ကိုင်းတိုင်းတိုင်းဒေသကြီး မုံရွာမြို့ အိုးဘိုတောင်ရပ်ကွက် ချင်းတွင်းမြစ် အတွင်း တွင် ယနေ့ (18-10-2013)နေ့လည်ပိုင်းတွင် မုံရွာမြို့ အိုးဘိုတောင် ရပ်ကွက် ချင်းတွင်းမြစ် ရေလက်ကြားတွင် စက်လှေငယ်ဖြင့် ဖြတ်ကူးလာစဉ် စက်လှေငယ်မှာ နစ်မြုပ်သွားခဲ့သည်။
အဆိုပါစက်လှေပေါ်တွင် မြန်မာနိုင်ငံသား(၆)ဦး နှင့် တရုတ်နိုင်ငံသားတစ် ဦးတို့ လိုက်ပါလာရာတွင် မြန်မာနိုင်ငံသား(၆)ဦး ကို အချိန်မှီကယ်ယူနိုင်ခဲ့ပြီး Mr .Cai Dumin .P.P.No G 39907548 , visia NoB249928 ကိုင်ဆောင်သူ အား ယခု သတင်းတင်နေချိန်အထိ ရှာဖွေတွေ့ရှိခြင်းလုံးဝမရှိသေးကြောင်း လည်းသိရပါသည်။
ပျောက်ဆုံးနေသောတရုတ်နိုင်ငံသား ၏ ဗီဇာသက်တမ်းမှာ 10-10-2013 နေ့
တွင် ကုန်ဆုံးနေပြီဖြစ်ကြောင်းလည်း စစ်ကိုင်းတိုင်းဒေသကြီး လူဝင်မှုကြည့် ကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန ညွန်ကြားရေးမှူးရုံး၏ ၀န်ထမ်းတစ်ဦးမှ သလ္လာဝတီတိုင်းမ် ကို ပြောကြားခဲ့ပါသည်။
ယနေ့စက်လှေငယ်မှောက်ပြီး ပျောက်ဆုံးနေသော တရုတ်နိုင်ငံသားကဲ့သို့ ပြည်ဝင်ခွင့်ဗီဇာသက်တမ်ူကုန်ဆုံးနေလျှက်ရှိသော တရုတ်နိုင်ငံသူ/ သား များ လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်း နှင့် စံပယ်တောင်ကြေးနီစီမံ ကိန်း တို့တွင် အမြောက်အများရှိနေကြောင်း မြန်မာစီးပွားရေးဦးပိုင်လီမီ တက် ကုမ္ပဏီသည် လူဝင်မှုကြည့်ကြပ်ရေးဦးစီးဌာန၏ တည်ဆဲဥပဒေ၏ အထက်တွင် ရှိနေသောကြောင့် မစစ်ဆေးရဲဘဲ ဖြစ်နေရကြောင်း စစ်ဆေး မည်ဆိုပါက အမြောက်အများရှိနေကြောင်းလည်း အဆိုပါ လ၀က ၀န်ထမ်း တစ်ဦးမှ ဆက်လက်ပြောကြားခဲ့ပါတယ်။
အေးချမ်းမွန် Credit To >ThanLarWaddy Times
Post a Comment