0

AFP

မော်လဒိုက်နိုင်ငံတွင် သမ္မတရွေးကောက်ပွဲ ကျင်းပနေခြင်းကို ရဲများက ၀င်ရောက်ဟန့်တားသည်ကို မကျေမနပ်ဖြစ်သူများက ဆန္ဒပြမှုများပြုလုပ်ခဲ့ကြကြောင်း အောက်တိုဘာ ၂၀ ရက်က အေအက်ဖ်ပီ သတင်းဌာနမှ ဖော်ပြထားသည်။

ကိုယ်စာလှယ်လောင်း သုံးဦးအနက်နှစ်ဦးမှာ ကော်မရှင်ရုံးတွင် မှတ်ပုံတင်အတည်ပြုရန် ပျက်ကွက်ခဲ့သည့်အတွက်ဟုဆိုကာ ရဲများမှ လွန်ခဲ့သောစနေနေ့တွင် ပေးပို့ခဲ့သောမဲစာရွက်များအား တားဆီးခဲ့သည်။

ရဲများ၏လုပ်ရပ်မှာ ၎င်းတို့၏ လုပ်ပိုင်ခွင့်အား ကျော်လွန်လုပ်ဆောင်ခြင်းဖြစ်သည်ဟု ရွေးကောက်ပွဲ ကော်မရှင်မှ ပြောကြားလိုက်သည်။

မော်လဒိုက်နိုင်ငံမှာ ၂၀၁၂ ခုနှစ်တွင် သမ္မတဟောင်း Mohamed Nasheed အား ဖြုတ်ချပြီးနောက်ပိုင်းမှ စတင်ကာ မငြိမ်မသက်မှုများ ပေါ်ပေါက်ခဲ့သည်။
ယခုလအစောပိုင်းတွင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် မစ္စတာ Nasheed အနိုင်ရရှိခဲ့ခြင်း ၎င်းအနေဖြင့် ဒီမိုကရေစီ နည်းလမ်းတကျရွေးချယ်ထားသော မော်လဒိုက်၏ ပထမဆုံးသော သမ္မတဖြစ်လာခဲ့သည်။

သို့သော်ယင်းရလဒ်မှာ တရားမ၀င်ဖြစ်ခဲ့ရပြီး ဒုတိယအကြိမ်မြောက် ကျင်းပသည့် ရွေးကောက်ပွဲမှာလည်း မဲမသမာမှုများရှိနေသည်ဟူသော စွပ်စွဲမှုများပေါ်ပေါက်လာသည့်အတွက် ရွှေ့ဆိုင်းခဲ့ရသည်။ သို့သော် နိုင်ငံတကာ စောင့်ကြည့်သူများက ရွေးကောက်ပွဲဆောင်ရွက်မှုများမှာ လွတ်လပ်၍ တရားမျှတသည်ဟု ပြောကြားထားသည်။

မစ္စတာ #Nasheed က မြို့တော် မေးလ်တွင်ပြုလုပ်သော ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုများအား ဦးဆောင်လျက်ရှိသည်။ ၎င်းအားထောက်ခံသူများက အဓိကလမ်းမကြီးတစ်ခုအား ပိတ်ပင်ထားလိုက်ပြီး လူထုအာဏာဖီဆန်မှုတစ်ရပ်အား ပြုလုပ်သည့်အနေဖြင့် ၎င်းလမ်းမပေါ်တွင်လက်ဖက်ရည်သောက်ခြင်း မုန့်ပဲ သရေစာများစားသုံးခြင်းတို့ကို ပြုလုပ်ခဲ့သည်။

အေးချမ်းမွန် Credit To >Mizzima - News in Burmese https://www.facebook.com/excellencemedia

Post a Comment

 
Top