အဖိုးဖြစ်သူက အိမ်ထဲမှာ သတင်းစာဖတ်နေတယ်
သူ့မြေးလေးက အိမ်ဝရံတာမှာ လမ်းမဖက်ကို ကြည့်နေတယ်
အဲဒီလိုနေတုန်း...
လမ်းပေါ်ဖြတ်သွားတဲ့ လူတစ်ယောက်က မြေးလေးကို အချိန်လှမ်းမေးတယ်
ကလေးဆိုတော့ ဘာပြန်ဖြေရမှန်း မသိတာနဲ့ အဖိုးကို တဆင့်ပြန်မေးတယ်... ...
"ဖိုးဖိုး... လမ်းမပေါ်က ဦးလေးကြီးက မေးနေတယ်၊ ဘယ်နှနာရီ ထိုးပြီလဲ တဲ့"
ဒီတော့ အဖိုးက ပြန်ပြောတယ်... ...
"သူ့အလုပ်အကိုင်က ဘာလဲလို့ ပြန်မေးလိုက်စမ်း"
"ဘာလို့လဲ ဖိုးဖိုးရဲ့၊ အဲဒါနဲ့ ဆိုင်လို့လား"
"ဆိုင်တာပေါ့၊ သူတို့ အလုပ်အကိုင်အလိုက် တိကျမှု လိုတယ်ကွယ့်၊ တကယ်လို့ သူဟာ ရဲတစ်ယောက်ဆိုရင် ၃ နာရီထိုးပြီး ၅ မိနစ်လို့ ဖြေလိုက်၊ စစ်သားဆိုရင် ၁၅၀၅ နာရီလို့ ဖြေလိုက်၊ အင်ဂျင်နီယာဆိုရင် လက်တံအရှည်က ၁ မှာ၊ အတိုက ၃ မှာလို့ ဖြေလိုက်"
...ဆိုတော့ ကလေးက ခုန အချိန်မေးတဲ့လူကို ဘာအလုပ်လုပ်လဲ လှမ်းမေးတယ်...
"ဦးလေးက ဘာအလုပ်လုပ်သလဲ"
"ရှေ့နေပါ"
သူ့အဖိုးကို လှည့်ပြောတယ်... ...
"ဖိုးဖိုး သူက ရှေ့နေတဲ့"
"အော်... အေး၊ ဒါဆို သောကြာနေ့ညနေ လို့ဖြေလိုက်၊ ဒီလောက်ဆို လုံလောက်တယ်"
သန်၎ကို-ဘာသာပြန်သည်။
https://www.facebook.com/thanlayko
အေးချမ်းမွန် Credit To >Thanlay Ko

Post a Comment