0

Thursday 24th October 2013

မြန်မာနိုင်ငံမှ အိမ်ရှင် အဖြစ် လက်ခံ ကျင်းပမယ့် ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ ဆီးဂိမ်းဖွင့်ပွဲ ပိတ်ပွဲ အခမ်းအနားမှာ ပြည်တွင်းက
အများပြည်သူများ ကြည့်ရှုနိုင်ဖို့ အတွက် ၀င်ခွင့် လက်မှတ်များ ရောင်းချပေး သွားမှာ ဖြစ်တယ်လို့ ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှအား ကစားပြိုင်ပွဲ ကျင်းပရေး ဦးစီး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။

ဆီးဂိမ်းဖွင့်ပွဲ ပိတ်ပွဲ အခမ်းအနား ကိုတော့ နေပြည်တော်ရှိ ၀ဏ္ဏသိဒ်္ဓိ အားကစားရုံမှာ ကျင်းပ သွားမှာဖြစ်ပြီး လက်မှတ်များ ကိုတော့ နိုဝင်ဘာလဆန်း လောက်မှာ ရောင်းချနိုင်ဖို့ တာဝန်ရှိသူတွေ အနေနဲ့ ဆောင်ရွက် နေတယ်လို့ သိရပါတယ်။ ဒါ့ပေမယ့် လက်မှတ်များရဲ့ ဈေးနှုန်းနဲ့ ရောင်းချမယ့် လက်မှတ် အစောင်အရေအတွက် ကိုတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ ထံသို့ တင်ပြဆွေးနွေးဆဲ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် လုံခြုံရေးပိုင်းနဲ့ ပတ်သက် ပြီးတော့ အားကစား သမားများနဲ့ ကြည့်ရှုသူ ပရိသတ်များ လုံခြုံစိတ်ချစေဖို့ အတွက် အဆင့်မြင့် နည်းပညာပိုင်းများကို စီစဉ် ဆောင်ရွက် နေတယ်လို့ သိရပါတယ်။ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲကိုတော့ လာမယ့် ဒီဇင်ဘာလ အတွင်း ရန်ကုန်၊ ငွေဆောင်၊ နေပြည်တော်၊ မန္တလေးတို့ ကျင်းပ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အေးချမ်းမွန် Credit To > MRTV-4https://www.facebook.com/excellencemedia

Post a Comment

 
Top