0


nintch
အမေရိကန်နိုင်ငံ တက္ကဆက်စ်ပြည်နယ်က မြို့တမြို့အနီးမှာ မောင်းနှင်သူအပါအဝင် လူ ၁၆ ဦးကို သယ်ဆောင်လာတဲ့ မိုးပျံပူဖောင်းဟာ ဒီဇင်ဘာလ ၉ ရက်နေ့က ပျံသန်းနေစဉ် လျှပ်စစ်ကြိုးကို တိုက်မိပြီး ပေါက်ကွဲပျက်ကြခဲ့တာပါ။
ဒီမိုးပျံပူဖောင်းကို မောင်းနှင်သူ အဲလ်ဖရက်နစ်ကိုးလ် ၄၉ နှစ်ဟာ စိတ်ကျရောဂါနဲ့ ဆီးချိုရောဂါတွေအပါအဝင် ရောဂါအချို့ခံစားနေရသူဖြစ်ပြီး မမောင်းနှင်ခင်မှာ အကိုက်အခဲပျောက်ဆေးတွေနဲ့ အိပ်ဆေးတချို့ကို သောက်သုံးခဲ့တယ်လို့ ဆိုပါတယ်။
ဒီဆေးတွေဟာ လူခန္ဓာကိုယ်အတွင်းရှိ ကြွက်သားတွေကို ထိန်းချုပ်တဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းတွေ၊ အကြောတွေနဲ့ ဦးနှောက်ရဲ့ လုပ်ငန်းစဉ်ကို ထိခိုက်စေတယ်လို့လည်း ဆိုပါတယ်။
သူသောက်ခဲ့တာ ဆေး ၁၃ မျိုးဖြစ်ပြီး ဒီဆေးတွေထဲက အများစုက မိုးပျံပူဖောင်းမောင်းနှင်သူတွေ မသောက်သုံးဖို့ တားမြစ်ထားတယ်လို့လည်း သိရပါတယ်။
မိုးပျံပူဖောင်းမောင်းနှင်သူ အဲလ်ဖရက်နစ်ကိုးလ်ဟာ မူးပြီးကားမောင်းမှု၊ မူးယစ်ဆေးဝါးသုံးစွဲမှုတွေနဲ့ ထောင် ၅ ကြိမ်ထက်မနည်း ကျဖူးခဲ့သူဖြစ်ပြီး ကားမောင်းလိုင်စင် အသိမ်းခံထားရသူတဦးဖြစ်ပေမယ့် မိုးပျံပူဖောင်း မောင်းနှင်ပျံသန်းခွင့်လိုင်စင်တော့ ဆက်လက်ရနေတယ်လို့လည်း ဆိုပါတယ်။
၂၀၀၉ ခုနှစ်က အမေရိကန်နိုင်ငံ နယူးယော့ခ်ပြည်နယ် ဘက်ဖဲလိုးမြို့အနီးမှာ ခရီးသည် လေယာဉ်ပျက်ကျမှုအတွင်း လူ ၅၀ သေဆုံးခဲ့တာ၊ ပြီးရင် အခု ပျံသန်းစဉ်အတွင်း ပျက်ကျသေဆုံးမှုဟာ အမြင့်ဆုံးအရေအတွက်လို့ သိရပါတယ်။
ဒီပျက်ကျမှုမှာ စုံစမ်းတွေ့ရှိတာကတော့ မောင်းနှင်သူ နစ်ကိုးလ်ဟာ စိတ်ကျရောဂါ၊ ဆီးချိုရောဂါနဲ့ နာတာရှည်ရောဂါ တမျိုးလည်း ခံစားနေရပြီး ဒီလိုလူမျိုးတွေဟာ မိုးပျံပူဖောင်း မမောင်းနှင်သင့်ဘူးလို့ ဆိုပါတယ်။
မိုးပျံပူဖောင်းတွေဟာ ရာသီဥတုကြည်လင်နေချိန်မှာသာ မောင်းနှင်သင့်ပေမယ့် နစ်ကိုးလ်မောင်းနှင်ပျံသန်းမယ့် မိုးပျံပူဖောင်းမထွက်ခွာခင် ရိုက်ထားတဲ့ဓာတ်ပုံတွေအရ တိမ်တွေနဲ့ မှုန်မှိုင်းနေပြီး တိမ်တွေနဲ့မြူတွေဖြစ်ပေါ်နေတယ်လို့လည်း မိုးလေဝသ ခန့်မှန်းထားတာပါ။
မိုးပျံပူဖောင်းမောင်းနှင်ရေး ဝန်ဆောင်မှု လုပ်ငန်း ၆ ခုက ကိုယ်စားလှယ်တွေကတော့ ယခုအမှုကြားနာစစ်ဆေးစဉ်အတွင်း အကယ်၍သူတို့သာ နစ်ကိုးလ်ရခဲ့တဲ့ မိုးလေဝသသတင်းမျိုးကို ရခဲ့မယ်ဆိုရင် အဲဒီနေ့မှာ ပျံသန်းမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
“ဒီစုံစမ်းစစ်ဆေးမှုရဲ့ အန္တိမပန်းတိုင်ကတော့ ဒီလိုကြေကွဲဖွယ်ရာ ဖြစ်ရပ်ကနေ နောက်ထပ်ဒါမျိုး မဖြစ်အောင် သင်ယူနိုင်ဖို့” ပဲလို့ ဒီကြားနာမှုအတွင်း National Transportation Safety Board (NTSB) ဘုတ်အဖွဲ့ဝင် တဦးဖြစ်သူ မစ္စတာ ရောဘတ်က ပြောကြားခဲ့ပါတယ်။
http://burmese.dvb.no/archives/179339

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top