သူတို့နှစ်ဦးရဲ့ အယူခံကို နောက်ဆုံးလျှောက်လဲချက်ပေးရမယ့် အစိုးရရှေ့နေတွေ လျှောက်လဲချက် လာမပေးတဲ့အတွက် တရားရုံးလုပ်ပိုင်ခွင့်နဲ့ ရှေနှစ်ဆန်း အမိန့်ချမှာဖြစ်ပါတယ်။
“အစိုးရ ရှေ့နေတွေဟာ အယူခံတွေနဲ့ပတ်သက်လို့ နောက်ဆုံးလျှောက်လဲချက် ပေးရပါတယ်။ ဒါကို ပေးဖို့ နှောင့်နှေးနေတဲ့အတွက် တရားရုံးက စာပို့ပြီး သူတို့ကို တောင်းဆိုခဲ့တယ်။ အစိုးရရှေ့နေဘက်က နောက်ဆုံးလျှောက်လဲချက် တင်နိုင်သည်ဖြစ်စေ၊ မတင်နိုင်သည်ဖြစ်စေ တရားရုံးရဲ့ လုပ်ပိုင်ခွင့်အရ ဆက်လက်ဆောင်ရွက်ပြီးတော့ အခု ၂၀၁၇ နှစ်ဆန်းပိုင်းလောက်ကို အမိန့်ချမယ်ဆိုတာ သိရတာပါ။”
မြန်မာနိုင်ငံသား ဇော်လင်း နဲ့ ၀င်းဇော်ထွန်း တို့ ၂ ဦးဟာ ထိုင်းတောင်ပိုင်း စူရတ်ဌာနီခရိုင် ခိုတောင်ကျွန်းခေါ် လိပ်ကျွန်းမှာ လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်က ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံခဲ့ရတာနဲ့ ပတ်သက်ပြီး သေဒဏ်အပြစ်ပေးခံထားရတာပါ။
ဒီလူသတ်မှုမှာ မြန်မာလူငယ် ၂ ဦးက မကျူးလွန်ရဘဲ ရိုက်နှက်စစ်ဆေးမှုကြောင့် ၀န်ခံရတာလို့ ဖြေဆိုခဲ့သလို ရဲတပ်ဖွဲ့က တင်ပြတဲ့ သက်သေအထောက်အထားတွေ ခိုင်လုံမှုမရှိတာကြောင့် မြန်မာလူငယ် ၂ ဦးရဲ့ ရှေ့နေတွေက အထက်တရားရုံးကို အယူခံပြန်တင်ထားတာလည်း ဖြစ်ပါတယ်။
ရှေနေ ဦးအောင်မျိုးသန့်ကတော့ ထိုင်းနိုင်ငံက အထက်တရားရုံးတွေဟာ မှန်မှန်ကန်ကန် ဆုံးဖြတ်လေ့ရှိတာမို့ မြန်မာကလေး ၂ ဦး ပြန်လွတ်နိုင်တယ်လို့ ယုံကြည်နေပါတယ်။
“ထိုင်းနိုင်ငံမှာ အထက်တရားရုံးတွေက မှန်ကန်စွာ ဆောင်ရွက်တတ်တဲ့ အလေ့အထရှိတယ်ဆိုတာကို ကျနော် လေ့လာထား သိရှိထားပါတယ်။ ဒါကြောင့်မို့ အထက်တရားရုံးတွေကသာ ဥပဒေအတိုင်း ဆောင်ရွက်ပေးမယ်ဆိုရင် ကျနော်တို့ ကလေးတွေဟာ အပြစ်က လွတ်နိုင်လောက်တဲ့အနေအထား ရှိတယ်ဆိုတာကို ကျနော် ယုံကြည်ပါတယ်။”
http://burmese.dvb.no/archives/179345
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.