မန္တလေးတွင ဖောက်ခွဲရေး ပစ္စည်းများ ဖမးမိ
12Dec2016
မန္တလေး၊ ဒီဇင်ဘာ ၁၂
မန္တလေးမြို့တော် မဟာအောင်မြေမြို့နယ်တွင် တရားဝင် ခွင့်ပြုချက် မရှိဘဲ ဖြန့်ချိနေသည့် ဖောက်ခွဲရေးပစ္စည်းများကို ဖ မ်းဆီးရမိခဲကြောင့်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည် ။ မဟာအောင်မြေမြို့နယ် ဒေးဝန်းအရှေ့ ကျောင်းကုန်းရပ်ကွက် အတွင်းရှိ ရေပန်းဘုန်းကြီးကျောင်းတိုက်အတွင်း ဖောက် ခွဲရေးပစ္စည်းများ သိုလှောင်ထားကြောင်း သတင်းအရ ဝင်ရောက် ရှာဖွေရာ ပေါက်ကွဲစေတက်သော ပစ္စည်းများနှင့် ဆ က်စပ်ပစ္စည်းများကို စစ်ဆေး တွေ့ရှိခဲခြင့်းဖြစ်ကြောင်း ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး စိန်ထွန်းက ပြောကြားသည် ။ “သူတို့က ကျောက်မိုင်းတွေ ရွှေမိုင်းတွေအတွက် ပြန်လည် ရောင်းချဖို့ သိုလှောင်ထားတာ ဖြစ်ပါတယ်။ ဒီပစ္စည်းတွေက တရားဝင် လိုင်စင်နဲ့ သေချာ လုပ်ကိုင်ရမယ့် ပစ္စည်းတွေဖြစ်တယ်။ အခု သိုလှောင်ထားသူတွေက တရားမဝင် လုပ်ကို င်နေတာ ဖြစ်တဲ့ အတွက် အရေးယူထားတာပါ”ဟု ၎င်းက ဆိုသည် ။ လိုက်ထရပ်ယာဉ် တစ်စီးပေါ်မှ အမိုနီးယားနိုက်ထရိုက် မြေဆီအိတ် များနှင့် တရုတ်နိုင်ငံထုတ် လျှ ပ်စစ် စနက်တံ (Detonator) ၂၀၀ ချောင်း၊ ကျောင်းဆောင် တစ်ခုအတွင်းမှ ၁၃၁ ချောင်း၊ အိန္ဒိယနိုင်ငံထုတ် SOD မီးရှို့စနက်တံ ၁၇၃ ချောင်းတို့ကို စစ်ဆေး တွေ့ရှိခဲခြင့်းဖြစ်ကြောင်း မဟာအောင်မြေမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည် ။ အဆိုပါ ဖောက်ခွဲရေး ပစ္စည်းများနှင့်အတူ တွေ့ရှိခဲသည့် သူရိန်ဖြိုး(ခ)သူရိန်နှင့် ရဲစိမ်းအောင်တို့အား (ပ)၄၇၇/၂၀၁၆၊ေ ပါက်ကွဲစေတက်သော ဝတ္ထုပစ္စည်းများ အက်ဥပဒေပုဒ်မ ၅ အရ အမှုဖွင့် စစ်ဆေးလျ က်ရှိကြောင်း အမှတ်(၇)နယ်မြေ ရဲ စခန်းထံမှ သိရသည်
http://thevoicemyanmar.com/news/4377-mdy
Post a Comment