0

စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့၊ ခြံဝန်းတစ်ခု အတွင်းရှိ ပိုင်ရှင် ဆက်သွယ်မရသေးသည့် လုပ်ငန်းသုံး ယာဉ်များအား စစ်ကိုင်းတိုင်းဒေသကြီး ကညနက စစ်ဆေးကာ အထောက်အထားမစုံပါသည့် ယာဉ်များအား သိမ်းဆည်းသွားမည်ဖြစ်ကြောင်း ကသာမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီထွန်း ပြောပြချက်အရ သိရသည်။
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ဒီဇင်ဘာ ၁၂ ရက်က စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ် ခရီးစဉ်အတွင်း ပိုင်ရှင် အဆက်အသွယ် မရသေးသည့် လုပ်ငန်းသုံးယာဉ်များ ရှိသည့် ခြံဝင်းကြီးအား သွားရောက်စစ်ဆေးသည့် ကိစ္စနှင့် ပတ်သက်ပြီး ဆက်သွယ်မေးမြန်းရာတွင် ပြန်လည်ဖြေ ကြားခြင်း ဖြစ်သည်။
ဦးညီညီထွန်းက “ဘတ်ဟိုးတွေ ဆီတင်ဘောက်ဆာ နောက်တွဲတွေ ၂ နှစ်၊ ၃ နှစ်လောက်ရှိပြီ လာလည်း မယူကြဘူး။ မြေကွက်ထဲမှာ မြေကွက်ပိုင်ရှင်က မသိဘူး ဖြစ်နေတယ်။ ဒါကို ပြန်လည်စိစစ်ရမှာပေါ့။ တိုင်းကညန ရုံးက ပြန်လည်စိစစ်မယ်။ စစ်တဲ့အခါမှာ အထောက်အထားတွေ စုံတယ်ဆိုရင်တော့ ပိုင်ရှင်ပြန်ပေးမှာပေါ့။ အထောက် အထားတွေ မစုံဘူး။ အကောက်အခွန်လည်း တရားမ၀င်ဘူး ဆိုရင်တော့ သိမ်းရမှာပေါ့” ဟု ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ပြောသည်။
အဆိုပါယာဉ်များ ပတ်သက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ်ကိုယ်တိုင် သွားရောက် စစ်ဆေးခဲ့ပြီး ခြံဝင်းအား ချိပ်ပိတ်ထားရန်၊ ပစ္စည်းစာရင်း များ ပြုစုထားရန် နှင့် အမှုတွဲဖွင့်လှစ် ဆောင်ရွက်ရန် ပြောဆိုခဲ့ခြင်းများ ရှိကြောင်း ဆိုသည်။
ဦးညီညီထွန်းက “၀န်ကြီးချုပ်ခရီးစဉ်မှာ ကြည့်ပြီးတော့ ကားတွေ ဘယ်မှ မသယ်ပါနဲ့ဦး။ အထောက်အထား တွေ စုံတယ်ဆိုမှ ပြန်ပေးရမယ်လို့ ပြော သွားတယ်။ လာလည်း မယူဘူး။ ပိုင်ရှင်ဘယ်သူမှန်းလည်း မသိသေး ဘူး။ ခြံဝန်းကြီးထဲမှာ ထားတာ ခြံဝန်းကြီးက ၅ ဧက လောက် ကျယ်တယ်။ ခြံဝန်းပိုင်ရှင်က ခရီးထွက်နေတာ မေးလို့မရဘူး။ အဲ့ဒီတော့ ဒီကားတွေက ဘယ်သူ့ဟာလဲ မေးမယ်။ ပြန်လည်စိစစ်မှာပေါ့။ တကယ်လို့ အထောက်အထား ပြည့်စုံတဲ့ဟာဆို ပိုင်ရှင်ကို ပြန်လွှဲရမှာပေါ့။ အဲ့ဒါကို တိုင်းကညနကို လွှဲထားတယ်” ဟု ပြောသည်။
ဝန်ကြီးချုပ်ခရီးစဉ်အတွင်း ကသာမြို့၊ ကသာဆိပ်ကမ်းနှင့် ဧရာဝတီမြစ် အတွင်း သောင်တူးမှုလုပ်ငန်းစဉ်အား သွားရောက် စစ်ဆေးပြီး ကသာဆိပ်ကမ်း စည်းကမ်းတကျ ဖြစ်ရေးနှင့် အခွန်ငွေရရှိရေး ကိစ္စများ ဆွေးနွေးကြောင်း သိရသည်။ ကသာမြို့သို့ ရောက်ရှိနေပြီး ဖားကန့်သို့ ပို့ဆောင်မည့် ဆိပ်ကမ်းချ ဘက်ဟိုးပစ္စည်းများကို အကောက်အခွန် စစ်ဆေးခြင်း၊ ကညနဆိုင်ရာ စစ်ဆေးမှုများ လုပ်ဆောင် ရန် ပြောဆိုခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဖေ့စ်ဘုတ်စာမျက်နှာ ၏ ဖော်ပြချက်အရ သိရသည်။
စိုင်းဟန်
The Ladies News
The Ladies News

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top