0


ရန်ကုန်၊ ဒီဇင်ဘာ ၁၁


မော်တော်ယာဉ်ဟောင်း အပ်၍ အစားထိုး ယာဉ်အဖြစ် တင်သွင်းရသည့် ယာဉ်ဟောင်းများ၏ ဈေးနှုန်း မြင့်မားနေခြင်းကြောင့် အခြား အစီအစဉ် တစ်ခုအဖြစ် မော်တော်ယာဉ် တင်သွင်းခွင့်ပြုရန် စီစဉ်မည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

ယင်းအစီအစဉ် ဖြစ်ပေါ်ရေးအတွက် မော်တော်ယာဉ် တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းများ ကြီးကြပ်ရေး ကော်မတီ၏ အဆုံးအဖြတ်ဖြင့် ပြုလုပ်မည်ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

ထိုသို့ အခြား အစီအစဉ် တစ်ခုဖြင့် မော်တော်ယာဉ် တင်သွင်းခွင့်ပြုမည်ဆိုပါက ကောင်းမွန်သည်ဟု ယေဘုယျ မြင်နိုင်သော်လည်း မူဝါဒ အသေးစိတ်ကို သိရှိနိုင်ခြင်း မရှိသေးသည့်အတွက် ခန့်မှန်းရ ခက်ခဲကြောင်း မော်တော်ယာဉ် လုပ်ငန်းရှင်များက မှတ်ချက်ပြုသည်။

“သူတို့ရဲ့ မူဝါဒတွေကို ကျွန်တော်တို့က အတိအကျ မသိနိုင်ဘူးလေ။ ဒီအစိုးရလက်ထက်မှာ မော်တော်ယာဉ် မူဝါဒတွေ တည်ငြိမ်မလား ဆိုတာကလည်း ပြောရခက်ပါတယ်”ဟု မော်တော်ယာဉ်လုပ်ငန်းရှင် ဦးမျိုးဇင်ဝင်းက ပြောဆိုသည်။
http://thevoicemyanmar.com/auto-mobile/4366-rhz

Post a Comment

 
Top