0

နေပြည်တော်၊ ဇွန် ၂၇-
ကျိုက်ထီး ရိုးစေတီတော် ဂေါပကအဖွဲ့ကိုအ သစ်ပြန်လည်ဖွဲ့စည်းသွားမည်ဖြစ် ကြောင်း သာသနာရေးနှင့် ယဉ်ကျေး မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုကပြောကြားသည်။
ဇွန် ၂၇ ရက်က နေပြည်တော် သာသနာရေးနှင့်ယဉ်ကျေးမှုဝန် ကြီးဌာနတွင် ကျိုက်ထီးရိုးစေတီတော် ဂေါပကအဖွဲ့များ၊ မွန်ပြည်နယ် အစိုးရအဖွဲ့များ၊ ဟိုတယ်နှင့် ခရီး သွားလာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနှင့် ဌာနဆိုင်ရာများနှင့်တွေ့ ဆုံစဉ် ယင်းကဲ့သို့ပြောကြားလိုက် ခြင်းဖြစ်သည်။
သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက''လက်ရှိ ရှိနေ တဲ့ဂေါပကအဖွဲ့ကို ယာယီဂေါပက အဖွဲ့အဖြစ် ဒီအစည်းအဝေးက သတ် မှတ်လိုက်ပါတယ်။ ပြီးရင် ဂေါပက အခြေခံစည်းမျဉ်းနဲ့ အမိန့်ညွှန်ကြား ချက်တွေကို ဝန်ကြီးဌာနရယ်၊ မွန် ပြည်နယ်အစိုးရအဖွဲ့ရယ်၊ ဂေါပက ရယ်၊ ပြည်ထောင်စုရှေ့နေ့ချုပ်ရုံး ရယ်ချိတ်ဆက်ပြီး ဂေါပက အခြေခံ စည်းမျဉ်းစည်းကမ်းတွေကို အမြန် ရေးဆွဲနေတာဖြစ်ပါတယ်။ အဲဒါ ရေး ဆွဲပြီးတဲ့အချိန်မှာ ခေတ်စနစ်နဲ့ကိုက် ညီတဲ့ ဂေါပကစည်းမျဉ်းတွေလာ မှာဖြစ်ပါတယ်။ အဲဒီစည်းမျဉ်းအရ စေတီတော်မြတ်ကြီးရဲ့ ဂေါပကအဖွဲ့ ကိုအသစ်ပြန်လည်ဖွဲ့စည်းသွားမှာဖြစ် ပါတယ်''ဟု သတင်းစာရှင်းလင်းပွဲ တွင် မီဒီယာများကိုပြောသည်။
လက်ရှိစေတီတော်မြတ်ကြီး တွင် ခရီးသွားရာသီတည်းခိုခန်းခ နှင့်ဟိုတယ်အခန်းခများ ဈေးနှုန်းမြင့် မားခြင်း၊ အစားအသောက်များကို အဆမတန် မြှင့်တင်ရောင်းချခြင်း၊ အမှိုက်စွန့်ပစ်မှုနှင့်ပတ်ဝန်းကျင်သန့် ရှင်းမှုမရှိခြင်းစသည့် အချက်များ ကြောင့် ဂေါပကအဖွဲ့ကိုပြန်လည် ဖွဲ့စည်းခြင်းဖြစ်ကြောင်း သိရသည်။
သူရဦးအောင်ကိုက''ခရီးသွား ရဟန်းရှင်လူတွေရဲ့ တိုင်ကြားမှု တွေရှိပါတယ်။ အဲဒါတွေအားလုံး ကို ခြုံကြည့်လိုက်မယ်ဆိုရင် ဂေါပက အဖွဲ့ရဲ့အားနည်းချက်ကြောင့် ဖြစ်ပါ တယ်။ ဒါကြောင့် ဂေါပကအဖွဲ့ကို စေတီတော်ကြီးနဲ့ပတ်သက်လို့ရေး ဆွဲပြဋ္ဌာန်းထားတဲ့ ဂေါပကအခြေခံ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ညွှန် ကြားချက်တွေနဲ့အညီ စေတီတော် ကြီးကိုစီမံခန့်ခွဲဖို့ဖြစ်ပါတယ်။ အခု စည်းမျဉ်းတွေ ရေးဆွဲအခါမှာလည်း ဆုံးခန်းတိုင်မရောက်လိုက်ဘူး။ စည်း မျဉ်းရေးဆွဲလို့ရှိရင် ဂေါပကအဖွဲ့နဲ့ သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီး ဌာနက ဒါကိုသုံးသပ်ရေးဆွဲပြီးတော့ မှ ပြည်ထောင်စုရှေ့နေချုပ်ရုံးနဲ့ ဥပဒေအကြံဉာဏ်တွေကိုတောင်းခံ ရပါတယ်။ ပြီးမှ ဂေါပကစည်းမျဉ်း တွေကိုမူချောရေးဆွဲပြီး အဲဒီစည်း မျဉ်းအတိုင်းပဲဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်''ဟု ထပ်မံပြောသည်။
ရန်ကုန်မြို့လှိုင်သာယာမြို့နယ် နေ ကိုညီမင်းလွင်က ''ကျောင်းပိတ် ရက်တုန်းက ကလေးတွေ ကျိုက်ထီး ရိုးဘုရားဖူးလိုက်ပို့တယ်။ ဟိုတယ် အခန်းခတွေကနှစ်ဆလောက်တောင်း တယ်။ အစားအသောက်တွေကလည်း ဈေးအင်မတန်မှကိုကြီးတယ်။ တောင် ပေါ်လိုနေရာမျိုးမှာဆိုပေမယ့် သင့် တင့်တဲ့ဈေးနှုန်းမျိုးတော့ဖြစ်သင့် တယ်။ အဲဒီလိုမျိုးအဖြစ်တွေကြောင့် ကုသိုလ်သွားလုပ်တာ ကုသိုလ်မရတဲ့ အဖြစ်တွေရှိတယ်။ အခုလိုဖြစ်နေ တာတွေမှာ တာဝန်အရှိဆုံးကတော့ ဂေါပကပေါ့။ အခုဝန်ကြီးကအသစ် ပြန်ဖွဲ့မယ်ဆိုတဲ့အတွက် ဝမ်းသာပါ တယ်။ အဲဒါတွေအပြင် စေတီတော် ကြီးရဲ့ သန့်ရှင်းမှုနဲ့အမှိုက်စနစ်အပါ အဝင် ရေရရှိမှုအခြေအနေတွေကို လည်း ဝန်ကြီးအနေနဲ့ဆောင်ရွက် ပေးစေချင်ပါတယ်''ဟုဆိုသည်။

Yangon Media Group

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top