0


၂ဝ၁၅ အထွေထွေ ရွေး ကောက်ပွဲတွင် မန္တလေးတိုင်း ဒေသကြီး အတွင်း ဝင်ရောက် ယှဉ် ပြိုင် အရွေးခံခဲ့ကြသည့် လွှတ်တော် ကိုယ်စားလှယ် လောင်း များအနက် ရွေးကောက် တင်မြှောက်ခြင်း ခံရသူများ၏ ရွေးကောက်ပွဲ ဝင်ခွင့် အာမခံ ငွေကျပ်သုံးသိန်းအား ပြည် ထောင်စု ရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင် ၏ ခွင့်ပြုချက် ရသည်နှင့် တစ်ပြိုင်နက် ပြန်လည် ထုတ်ပေး သွားမည်ဖြစ်ကြောင်း တိုင်းဒေသ ကြီး ရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင် အဖွဲ့ခွဲထံ မှ သိရသည်။
''ပြန်ပေးရမယ့် လွှတ်တော် ကိုယ်စားလှယ်လောင်း တွေရဲ့ အမည်စာရင်းကို ပြည်ထောင်စု ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင် ဆီ တင်ပို့ပေးလိုက်ပါပြီ။ သူတို့ဆီက ခွင့်ပြုချက် ရတာနဲ့ ကျွန်တော်တို့က ထုတ်ယူရမယ့် ပုံစံတွေ အကြောင်း ပေးပါမယ်''ဟု မန္တလေးတိုင်း ဒေသ ကြီးရွေးကောက်ပွဲ ကျင်းပရေးကော် မရှင်အဖွဲ့ခွဲမှ ဒုတိယညွှန်ကြား ရေးမှူးဦးကျော်ကျော်စိုးက ပေါ်ပြူ လာနယူးစ်သို့ ပြောသည်။
ရွေးကောက် တင်မြှောက်ခြင်း မခံရသော်လည်း ခိုင်လုံမဲ ရှစ်ပုံ တစ်ပုံနှင့် အထက် ရရှိခဲ့သည့် လွှတ်တော် ကိုယ်စားလှယ်လောင်း များကိုလည်း အလားတူ အာမခံ ငွေ ပြန်လည် ထုတ်ပေး သွားမည် ဖြစ်ကြောင်း သိရသည်။
၂ဝ၁၅ အထွေထွေ ရွေး ကောက်ပွဲတွင် မန္တလေးတိုင်း ဒေသ ကြီးအတွင်း တစ်သီး ပုဂ္ဂလ အပါ အဝင် ပါတီပေါင်း ၂ဝ ခန့်မှ လွှတ် တော် ကိုယ်စားလှယ်လောင်း ၃၉၉ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ ၉၅ ဦး ရွေးကောက် တင်မြှောက်ခြင်း ခံခဲ့ ကြရသည်။
လွှတ်တော်နည်း ဥပဒေ ပုဒ်မ ၃၈(က) အရ လွှတ်တော် ကိုယ်စား လှယ်လောင်း အဖြစ် ရွေးချယ်တင် မြှောက်ခြင်းခံရသည့် ၄င်းတို့အား ပုံစံ (၆-ဂ) ဖြင့် အာမခံ ငွေကျပ်သုံး သိန်း ပြန်လည် ထုတ်ပေးသွား မည်ဖြစ်ပြီး နည်းဥပဒေ ပုဒ်မ ၃၈ (ခ)အရ ရွေးကောက် တင်မြှောက် ခြင်း မခံရသော်လည်း ခိုင်လုံမဲ ရှစ်ပုံ တစ်ပုံနှင့် အထက် ရရှိခဲ့သည့် လွှတ် တော် ကိုယ်စားလှယ်လောင်း ၉၁ ဦးတို့ အားလည်း ပုံစံ (၆-ဃ) ဖြင့် အာမခံငွေ ပြန်လည် ထုတ်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။
''ရွေးကောက်ပွဲ ဝင်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်း ၃၉၉ ဦးထဲ က ၁၈၆ ဦးကို အာမခံ ငွေတွေ ပြန် ထုတ်ပေးသွားမှာပါ၊ ခွင့်ပြုချက်ရ တာနဲ့ အကြောင်းကြား ပေးသွားပါ မယ်၊ အကြောင်းကြားပြီး ၆ လ အတွင်း ထုတ်ရပါမယ်။ မထုတ်ရင် နိုင်ငံတော် ဘဏ္ဍာ အဖြစ်သိမ်းမှာ ပါ'' ဟု ၄င်းက ပြောသည်။
စောထွေး

Popular News Journal

Post a Comment

 
Top