0


By ဒီဗွီဘီ 5 January 2016

မြန်မာလူငယ် ၂ ဦးကို သေဒဏ်ပေးခဲ့တဲ့ လိပ်ကျွန်းအမှုနဲ့ ပတ်သက်ပြီး တရားမျှ တရေးလှုပ်ရှားမှုအဖြစ် ထိုင်းနိုင်ငံရဲတပ်ဖွဲ့တွေရဲ့ အနည်းဆုံးဝက်ဘ်ဆိုဒ် ၁၄ ခုကို နိုင်ငံ တကာဟက်ကာအဖွဲ့တဖွဲ့က တိုက်ခိုက်ခဲ့ ပါတယ်။

“အမည်မသိ”လို့ နာမည်ပေးထားတဲ့ ဟက်ကာတွေစုစည်းထားတဲ့အဖွဲ့က တိုက် ခိုက်ခဲ့တဲ့ ၀က်ဘ်ဆိုဒ်တွေထဲမှာ ဘန်ကောက်မက်ထရိုပိုလီတန်ရဲဗျူရို၊ ထိုင်းတော်ဝင်ရဲ တပ်ဖွဲ့ အထွေထွေဝန်ထမ်းရေးရာဌာနနဲ့ ဒေသတွင်းရဲစခန်းတွေရဲ့ ၀က်ဘ်ဆိုဒ်စာမျက် နှာတွေပါဝင်တယ်လို့ Khaosod သတင်းတပုဒ်မှာ ဖော်ပြပါတယ်။

လိပ်ကျွန်အမှုနဲ့ ပတ်သက်ပြီး ထိုင်းရဲတွေဟာ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ ဦးကို ဆိတ်အဖြစ်အသုံးချခဲ့တာဖြစ်တယ်လို့ ပြောခဲ့ပြီး ၀က်ဘ်ဆိုဒ်တွေကို တိုက်ခိုက် မယ်လို့ ဇန်န၀ါရီလ ၃ ရက်နေ့မှာ ထုတ်ပြန်ကြေငြာခဲ့တာပါ။

အဲဒီလို ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ဇန်န၀ါရီလ ၄ ရက်နေ့မနက်ပိုင်းကစပြီး ၀က်ဘ်ဆိုဒ်တွေကို ဖြုတ်ချခဲ့တာပါ။

ဒါဟာ အရေးတကြီးစုံစမ်းထောက်လှမ်းရမယ့်အမှုကိစ္စတွေမှာ ထိုင်းရဲတွေရဲ့ အရည်အချင်းနဲ့ စွမ်းဆောင်ရည်ကင်းမဲ့တာကို မီးမောင်းထိုးပြနေတာလို့ ဟက်ကာအုပ် စုက ပြောပါတယ်။

ထိုင်းနိုင်ငံရဲဌာနပြောရေးဆိုခွင့်ရှိသူ ဒက်ခ်ျနာရွန်စုတီချန်းဘန်ချာက “ဒီလိုတိုက် ခိုက်တာဟာ ပြည်ပကဖြစ်နေရင်တောင် သူတို့ဟာ နောက်ဆုံးတော့ စီရင်ချက်ချခံရ မှာပါ။ ဒါဟာ ပြဿနာတခုတော့မဟုတ်ပါဘူး။ ထိုင်းရဲတွေဟာ အကောင်းဆုံးပါပဲ”လို့ ပြောပါတယ်။

ဘန်ကောက်မက်ထရိုပိုလီတန်ရဲဗြူရိုမှ ရဲအရာရှိ ပရာမဟာသ၀မ်ကတော့ သူတို့ ရဲ့ဝက်ဘ်ဆိုဒ်ဟာ တိုက်ခိုက်ခံခဲ့ရပေမယ့် ခုတော့ ပြန်လည်လုပ်ဆောင်နေနိုင်ပြီဖြစ် တယ်လို့ ဆိုပါတယ်။

ရဲဌာနပြောရေးဆိုခွင့်ရှိသူတွေက ခုလိုတိုက်ခိုက်ခံရမှုအပေါ်ယုံကြည်မှုရှိရှိပြော နေကြပေမယ့် ဆိုက်ဘာပြစ်မှုဆိုင်ရာပညာရှင်တွေကတော့ တိုက်ခိုက်မှုရဲ့ အဓိကတာ ၀န်ရှိသူကို ဖမ်းမိနိုင်ဖို့မဖြစ်နိုင်ဘူးလို့ ပြောနေကြတာပါ။

ဒီတိုက်ခိုက်မှုမှာ ဘဏ္ဍာရေးအရထိခိုက်မှုတွေမရှိခဲ့ပေမယ့် စိတ်ပိုင်းဆိုင်ရာအရ ထိုင်းနိုင်ငံအစိုးရရဲ့ ပုံရိပ်ကို အကျိုးသက်ရောက်စေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ ထုတ်ပြန်တဲ့ နောက်ဆုံးထုတ်ပြန်ချက်မှာတော့ နိုင်ငံတ ကာခရီးသွားဧည့်သည်တွေအနေနဲ့ ထိုင်းနိုင်ငံတွင်းခရီးသွားလုပ်ငန်းတွေကို ဆန့်ကျင် ကြဖို့ တွန်းအားပေးခဲ့တာပါ။

မြန်မာလူငယ် ၂ ဦးဟာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက လိပ်ကျွန်းလူသတ်မှုအတွက် စွဲချက်တင်ခံခဲ့ရပြီး သေဒဏ်ချမှတ်ခံထားရတာပါ။

http://burmese.dvb.no/archives/129808

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top