0

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ပပဝတီရပ်ကွက်အတွင်း ဇန်နဝါရီလ ၄ ရက် ည ၇နာရီခန့်က ဖြစ်ပေါ်ခဲ့သော လူစုလူဝေးဖြင့် ကလေးသူခိုးဖမ်းသည်ဆိုသည့်ဖြစ်ရပ်တွင် ကလေးသူခိုးဆိုသည်မှာ မဟုတ်မှန်ကြောင်းနှင့် ကောလာဟလသာဖြစ်ကြောင်း ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်စိုးက ဆိုသည်။
ပုသိမ်မြို့နယ် ဘုရားကြီးကုန်ကျေးရွာ မဟာစေတီတန်ဆောင်းတွင် ယနေ့(ဇန်နဝါရီလ ၅ ရက်) ပြုလုပ်သည့် အဆိုပါဖြစ်ရပ်နှင့်ပတ်သက်သော သတင်းစာရှင်းလင်းပွဲတွင် ၎င်းကအထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
"အိမ်ပေါ်တက်ပြီး ကလေးကိုလုသွားတယ်ဆိုတာလည်း မဟုတ်ဘူး။ ပြည်သူတွေအထိတ်တလန့်ဖြစ်အောင် လုပ်နေတဲ့ကောလာဟလလို့ ယူဆပါတယ်" ဟု ၎င်းကဆိုသည်။
ဇန်နဝါရီလ၄ရက်(လွတ်လပ်ရေးနေ့)ည ၇နာရီခန့်က ပုသိမ်မြို့အမှတ်(၅)နယ်မြေပပဝတီရပ်ကွက်အတွင်း ကလေးသူခိုးဝင်ပြေးသွားသည်ဟုဆိုကာ လူပေါင်း၂၅၀ခန့်က ကလေးသူခိုးကို လိုက်လံဖမ်းဆီးကြကြောင်း၊
အဆိုပါကလေးသူခိုးမှာ လယ်ကွင်းတစ်ဆက်တစ်စပ်တည်းဖြစ်သည့် ပုသိမ်မြို့နယ်ဘုရားကြီးကုန်းရွာတွင် အိမ်ပေါ်တက်၍ ကလေးကိုလုယူပြီး ထွက်ပြေးလာခြင်းဖြစ်ကြောင်း၊ အဆိုပါကလေးသူခိုးကိုလိုက်လံဖမ်းဆီးသည့်လူအုပ်ကြီးမှာ ကလေးသူခိုးကိုမမိသည့်အပြင် ည၁၁နာရီခန့်တွင် ရဲတပ်ဖွဲ့၏မေတ္တာရပ်ခံချက်ကြောင့် လူစုခွဲသွားကြောင်း အဆိုပါရပ်ကွက်မှဒေသခံများကပြောကြားသည်။
"လူအုပ်ကြီးကတော့တော်တော်များတယ်။ အိမ်ကလူတွေလည်း ကြောက်လို့အပြင်မထွက်ရဲဘူး။ လူတွေရဲ့လက်ထဲမှာလည်းတုတ်တွေ၊ လက်နက်တွေနဲ့" ဟု ပပဝတီရပ်ကွက်မှအငြိမ်းစားဝန်ထမ်းတစ်ဦးက ပြောဆိုသည်။
သူ၏သမီးမှာ အသက်၁၂နှစ်ခန့်ရှိပြီဖြစ်ကြောင်း၊ ည ၆နာရီခွဲခန့်က အိမ်နောက်ဘက်တွင်လူရိပ်တစ်ခုတွေ့ရှိလိုက်ရကြောင်း၊ သမီး၏ပြောပြချက်အရ ခင်ပွန်းဖြစ်သူကိုပြောပြသည့်အခါ ရွာမှလူများဖြင့်ဝိုင်းလိုက်ကြကြောင်း၊ အိမ်ပေါ်တက်၍ကလေးကို လုယူသည်ဆိုသည်မှာမဟုတ်မှန်ကြောင်း၊အိမ်နောက်တွင် ရေကန်ကြီးနှစ်ခုရှိသဖြင့် ငါးခိုးဖမ်းသည့်လူများလည်းဖြစ်နိုင်ကြောင်း၊ အဆိုပါအဖြစ်အပျက်စတင်ဖြစ်ပွားရာဘုရားကြီးကုန်း(မြောက်)ရွာမှ မျက်မြင်တွေ့ရှိသူ ဒေါ်နှင်းနှင်းအေးနှင့် ၎င်း၏သမီးမမေသူတို့က မီဒီယာများကိုရှင်းပြသည်။


The Voice Weekly

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top