ရန်ကုန်၊ ဒီဇင်ဘာ ၃၁
ချစ်လှစွာသောအမုန်း ရုပ်ရှင်မှာ ဇာတ်ကောင်အမုန်းအဖြစ် ပီပြင်စွာ သရုပ်ဆောင်နိုင်ဖို့အတွက် ရိုက်ကွင်းမှာ စိတ်ပင်ပန်းခံပြီး ကြိုးစားသရုပ်ဆောင်ခဲ့ရပါတယ်လို့ သရုပ်ဆောင် ဝတ်မှုံရွှေရည်က The Voice ကို ပြောပါတယ်။
“ဒီကားက ကစ်အတွက် မှတ်မှတ်ရရ ရှိခဲ့တဲ့ကားလို့ ပြောလို့ရပါတယ်။ စိတ်ရော၊ လူပါ ပင်ပန်းခဲ့တဲ့ ဇာတ်ကားပါ။ ဇာတ်ဝင်ခန်းတစ်ခန်းကို ပရိသတ်တွေ ကြည့်တော့သာ ခဏလေး ထင်ရပေမယ့် ကိုယ်တွေက အရမ်းစိတ်ပင်ပန်းခဲ့ရတယ်။ ဇာတ်ဝင်ခန်းတစ်ခန်းကို ရိုက်ပြီဆိုရင် ဒါရိုက်တာက ကတ်လို့ မအော်မချင်း အရမ်းကို ပင်ပင်ပန်းပန်း သရုပ်ဆောင်ခဲ့ရပါတယ်” လို့ ဇာတ်ကောင်စရိုက် ပီပြင်ဖို့အတွက် ကြိုးစားခဲ့ရပုံတွေကို ၎င်းက ထပ်လောင်းပြောဆိုပါတယ်။
ဇာတ်ကား မရိုက်ခင်ကတည်းက အမုန်းဆိုတဲ့ ဇာတ်ကောင်ရဲ့ Mood ကို ရင်ထဲရောက်အောင် သွင်းထားပြီး ရိုက်ကွင်းမှာလည်း ဒါရိုက်တာ သင်ပြပေးတဲ့အပေါ်မှာ ကိုယ့်ရဲ့ စိတ်ကူးနဲ့ ပေါင်းပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစားသရုပ်ဆောင်ခဲ့တာ ဖြစ်ကြောင်း သရုပ်ဆောင် ဝတ်မှုံရွှေရည်က ပြောပါတယ်။
“ဒီကားမရိုက်ခင် ကိုဝိုင်းနဲ့လည်း ဆွေးနွေးခဲ့တယ်။ ကိုဝိုင်းက ကစ်ရဲ့ တခြားဇာတ်ကားတွေလည်း ကြည့်ထားတယ်။ ကစ်ကို ဒီကားထဲမှာ ဘယ်လိုစိတ်ထားရယ်။ ဘယ်လိုပြင်ဆင်ရမယ် ဆိုတာကို ပြောပြပါတယ်။ ကိုယ့်ကားကိုယ် ပြန်ကြည့်တာတောင် စိတ်တော်တော် ပင်ပန်းခဲ့ပါတယ်။ ပရိသတ်တွေ ကြည့်ရင်လည်း ကစ် ကြိုးစားထားတာကို မြင်မယ်လို့ ထင်ပါတယ်” လို့ ၎င်းက ဆိုပါတယ်။
The Voice Weekly
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.