မန္တလေးမြို့ရတနာပုံ တက္ကသိုလ်အုတ်တံတိုင်းတွင် မှုတ်ဆေးဖြင့် အစိုးရအား ဆန့်ကျင် ကန့်ကွက်သည့်စာသားများ ရေးသားကာ ဆန္ဒဖော်ထုတ်မှုဖြင့် ဝရမ်းထုတ်ခံထားရသော ကျောင်းသား သုံးဦးအနက်တစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။
ဝရမ်းထုတ်ထားသည့် ကျောင်းသားသုံးဦးအနက် ရဲရင့် ပိုင်မှူးကို ဒီဇင်ဘာ ၂၅ ရက်က ချမ်းမြသာစည်မြို့နယ် ၇၈ လမ်း၊ သိပ္ပံလမ်းထောင့်တွင် သတင်းရဲ တပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး အမရပူရ မြို့နယ်တရားရုံးတွင် ရမန်ယူ၍ ဇန်နဝါရီ ၁ ရက်တွင် စတင်စစ်ဆေးမည်ဟု ရတနာပုံတက္ကသိုလ် ကျောင်းသားများအဖွဲ့ဝင်ကိုဂျစ်တူးကပြောသည်။
‘‘ကျွန်တော်တို့နဲ့အတူ ဆန္ဒ ဖော်ထုတ်ရင်း ဝရမ်းထုတ်ခံထား ရတဲ့ ကျန်ရှိတဲ့သုံးယောက်ထဲက တစ်ယောက်ကို ဖမ်းသွားပါတယ်။ကျွန်တော်တို့ကတော့ ဒီထက် လုပ်ဆောင်သွားမယ်။ အစိုးရရဲ့ သက်တမ်းက မကျန်တော့ပေ မယ့် နိုင်ငံရေးအကျဉ်းသားတွေ၊ ကျောင်းသားတွေကိုလွှတ်ပေးဖို့ ဆက်ပြီးလုပ်ဆောင်သွားမှာဖြစ် တယ်။ အစိုးရအနေနဲ့လည်း လွှတ်ပေးတာကို မလုပ်ဘဲနဲ့ ဖမ်း ဆီးတာတွေဆက်ပြီးလုပ်နေသေး တယ်’’ဟု ဒီဇင်ဘာ ၂၂ ရက်က ပြန်လွတ်မြောက်လာသည့် ကိုဂျစ်တူး ကပြောသည်။
အစိုးရအားဆန့်ကျင်ကန့် ကွက်သည့်စာသားများ ရေးသားကာ ဆန္ဒဖော်ထုတ်မှုဖြင့် ရတနာပုံ တက္ကသိုလ်မှ ကျောင်းသားခုနစ် ဦးကို အမှုဖွင့်ဝရမ်းထုတ်ခဲ့ရာ ကျောင်းသားလေးဦးကို ဇွန်လ ၁ ရက်က ဖမ်းဆီးခဲ့ပြီး ကျောင်း သားလေးဦးအနက် ထောင်ဒဏ် ခြောက်လကျခံခဲ့သော ကျောင်း သားသုံးဦး ဒီဇင်ဘာ ၂၂ ရက်က အိုးဘိုအကျဉ်းထောင်မှ လွတ် မြောက်ခဲ့ကြသည်။
အမျိုးသားပညာရေးဥပဒေ နှင့်ပတ်သက်၍ အစိုးရကိုဝေဖန် သည့်စာသားများ တက္ကသိုလ် အုတ်တံတိုင်းနံရံတွင် ရေးသားခဲ့ ၍ ရတနာပုံတက္ကသိုလ်ကျောင်း သားခုနစ်ဦးကို ပြစ်မှုပုဒ်မ ၁၄၃၊ ၁၄၇၊ ၅၀၅ (ခ)၊ ပုဒ်မ ၁၈ တို့ဖြင့် ပြစ်ဒဏ်များချမှတ်ခဲ့ခြင်းဖြစ် သည်။
http://www.7daydaily.com/story/54170
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.