ရန်ကုန် ဒီဇင်ဘာ ၂၈ - သေဒဏ်ပေးခံရတဲ့ မြန်မာနိုင်ငံသားနှစ်ဦးရဲ့ အမူမှန်ပေါ်ပေါက်ရေးအတွက် မလေးရှားနိုင်ငံရှိ ထိုင်းသံရုံးရှေ့မှာ ဆန္ဒဖော်ထုတ်ဖို့ စီစဉ်သူ နှစ်ဦးကို မလေးရှားရဲတွေက ဒီနေ့ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
“လူဦးတထောင်နီးပါး လောက်ရှိ လို့ဖျက်ခိုင်းလိုက်တာ အဆင်ပြေမှာပါခေတ္တထိန်းသိမ်းတဲ့သဘောပါ” လို့ ဆန္ဒပြပွဲကိုသွားရောက်ခဲ့တဲ့ ကိုရဲလင်း မောင်က ပြောပါတယ်။
ထိုင်းသံရုံးရှေ့မှာ ဆန္ဒပြဖို့အတွက် မလေးရှားနိုင်ငံရောက်မြန်မာလုပ်သား ထဲကဦးဆောင် သူတွေက ကြိုတင်ခဲ့ပြီး သက်ဆိုင်ရာ ကခွင့်ပြုခဲ့ပါတယ်။ မနေ့က တော့ ထိုင်းသံရုံးကို လူအုပ်လိုက်ဆန္ဒထုတ်ဖော်မယ့် အစား ဆန္ဒပြမယ့်အဖွဲ့ရဲ့တာဝန်ရှိသူ နှစ်ဦးကိုပဲ ၀င်ပြီးစာပေးခွင့်ပေးမယ်လို့ အကြောင်းထပ်မံကြားခဲ့တယ်လို့သိရပါတယ်။
ဆန္ဒပြမှုကိုဦးဆောင်သူတွေက ဆန္ဒပြပွဲဖျက်သိမ်းလိုက်ရင် လာရောက် စုဝေးကြတဲ့ မလေးရှားရောက်မြန်မာ လုပ်သားတွေ အားငယ် ပြီးပြန်ရမှာကိုစိုးရိမ်ပြီး ပွဲကို မဖျက်သိမ်းခဲ့ပဲ မြန်မာသံရုံးကနေ ထိုင်းသံရုံးအထိလမ်းလျောက်ဖို့စီစဉ် ခဲ့ကြပါတယ်။လမ်းလျောက်သွား နေချိန်မှာပဲ မလေးရှားရဲတွေက ဦးဆောင်သူနှစ်ဦးဖြစ်တဲ့ ကိုစန်းဝင်း (ကပုန်းနာ ရေးကူညီမှု အသင်းဥက္ကဌ)နဲ့ကိုချစ်ကောင်း (ရွေ့ပြောင်းအလုပ်သမားများကူညီရေးအဖွဲ့)ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါတယ်။
ပွဲစီစဉ်သူနှစ်ဦးကိုဖမ်းဆီးမှု လုပ်ခဲ့ပေမယ့် မလေးရှား နိုင်ငံ အနယ်နယ်အရပ်ရပ်က ရောက်လာတဲ့ မြန်မာလူမျိုး တထောင်ဝန်းကျင်ခန့်ဟာ မြန်မာသံရုံးအနီးကနေ ထိုင်းသံရုံးရှေ့အထိ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ ပွဲစီစဉ်သူ တွေကိုသာ ဖမ်းဆီးပြီး ဆန္ဒပြသူတွေကို ဖမ်းဆီးတာ မလုပ်ဘူးလို့ သိရပါတယ်။
ထိုင်းနိုင်ငံ ရောက်မြန်မာလုပ်သားနှစ်ဦးဖြစ်တဲ့ ကိုဝင်းဇော်ထွန်းနဲ့ကိုဇော်လင်းတို့ကို ဗြိတိန် စုံတွဲသတ်ခံရမှုနဲ့ပတ်သတ်ပြီး ထိုင်းတရားက သေဒဏ်ချမှတ်ပြီးနောက်မှာပဲ မြန်မာနိုင်ငံက မြို့အသီးသီးမှာတင်မကဘဲ မလေးရှားနိုင်ငံကိုရီးယားနိုင်ငံ၊ အမေရီကန်နိုင်ငံ၊ ဂျပန်နိုင်ငံရောက် မြန်မာလူမျိုးတွေကလည်း ဆန္ဒပြမှုတွေဆက်တိုက်လုပ်ဆောင်နေကြပါတယ်။
Author-မေစုကြည်

Post a Comment