0

Byမောင်ဌေးလှိုင်On Sat, 2015-12-26
မနေ့ညကတည်းက ဆုတောင်း နေမိတယ်။ အဆင်ပြေ ကြပါစေ။ အိမ်ကိုအမြန်ပြန်နိုင်ကြပါစေ။ ဒီ နေ့ အမိန့်ချမယ်ဆိုတော့ ဒီမနက်လည်း ရင်ခုန်မျှော်လင့်နေခဲ့ရ တယ်။ တရားသေလွတ်လောက် တယ်ပေါ့။ ၁၁ နာရီလောက်မှာ ဖေ့စ်ဘွတ်ခ် ဖွင့်ကြည့်တော့ အမိန့်ချလိုက်ပြီ။ သေဒဏ်တဲ့။ ဘယ်လိုမှ ထင်မထားတဲ့ စီရင် ချက်ပါပဲ။ ဒီတော့ သွေးကစကား ပြောကုန်ပြီ။ ဘယ်လိုမှ မခံစား နိုင်ကြဘူး။ တစ်နေ့လုံးလည်း စိတ်တွေ ထိုင်းမှိုင်းလေးလံနေ တယ်။ မတရားခံရတယ်ဆိုတာ အားလုံးအသိပါ။ ထိုင်းနိုင်ငံသား တွေ ကိုယ်တိုင်က ဒါမတရားမှုပဲ၊ မြန်မာလူငယ်တွေကို ထိုင်းအ စိုးရက တမင်ထိုးကျွေးလိုက်တဲ့ အမှုပဲဆိုတာသိလို့ ခံပြင်းနေကြ တယ်။ ထိုင်းပြည်သူတွေ တာဝန် ကျေကြတယ်။ ဒီအမှုကို ထိုင်း နိုင်ငံရှေ့နေများ ကောင်စီအဖွဲ့ ဥက္ကဋ္ဌကိုယ်တိုင်က သူယုံကြည် စိတ်ချရတဲ့ ရှေ့နေတစ်ဦးကို တာ ၀န်ပေးပြီး အခမဲ့ကူညီခိုင်းတယ်။ လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ ဒီအမှုကို ကူညီပေးပါဆိုပြီး လွတ် လပ်တဲ့ ရှေ့နေတစ်ဦးဖြစ်တဲ့ နခေါ်ချုမ်ဖူချာတ်ကို တာဝန်ပေး တာပါ။
အမိန့်မချခင်တစ်ရက်အလို ရှေ့နေက မီဒီယာကို ပြောတာက တော့ ‘‘ကျွန်တော်နားလည်ထား တာက ရွှေ့ပြောင်းလုပ်သားဆို တာ အလွန်နိမ့်ကျပြီးတော့ အခွင့်အရေး ချိုးဖောက်ခံရတယ်ဆိုတာ သိထားပါတယ်။ အတတ်နိုင်ဆုံးကြိုးစားပေးပါမယ်။ မြန်မာအစိုးရဘက်က သူတို့ရဲ့ လုပ်ဆောင်ချက်တွေ သိပ်ပြီးမတွေ့ရဘူး။ ကျွန်တော်တို့ရှေ့နေများ ကောင်စီက တော့ ကြိုးစားပေးနေပါတယ်။ တကယ်လို့ တရားသူကြီးက အပြစ်ရှိ ကြောင်း အမိန့်ချမယ်ဆိုရင်လည်း အဆင့်ဆင့် အယူခံဝင်သွားဖို့ ပြင်ဆင်ထားပါတယ်’’ တဲ့။
အခုကတော့ အမိန့်ချလိုက် ပြီ။ သက်သေခိုင်လုံမှု မရှိဘဲ သေ ဒဏ်ပေးလို့ရနိုင်သလား။ မျက် မြင်သက်သေလည်း မရှိဘူး။ အ ချက်အလက်တွေကလည်း ကွဲ လွဲနေတယ်။ ဆေးစစ်ချက်ယူ တုန်းကလည်း ကွဲလွဲမှု ရှိတယ်။ အမှုစစ်ဆေးစဉ်မှာကတည်းက အားနည်းချက်၊ ချို့ယွင်းချက်တွေ နဲ့။ ပြီးတော့ ထိုင်းလူ့အခွင့်အရေး ကော်မရှင်ကိုယ်တိုင်က ထောက် ပြကန့်ကွက်နေတဲ့ကြားက သေ ဒဏ်ချမှတ်လိုက်တယ်ဆိုတော့ ထိုင်းတရားစီရင်ရေးအပေါ် မေး ခွန်းထုတ်စရာပါ။ ပြီးတော့ အိမ် နီးချင်း မပီသတဲ့ လုပ်ရပ်တစ်ခုလို့ တောင် မြင်မိပါတယ်။ အခုလည်း အွန်လိုင်းပေါ်မှာ မြန်မာတွေပွဲ ကြမ်းနေကြပြီ။ ထိုင်းသံရုံးရှေ့ ဆန္ဒပြဖို့ စီစဉ်နေကြတယ်လို့ သိ ရတယ်။ မိမိတို့ရဲ့ ဆန္ဒကို ငြိမ်း ငြိမ်းချမ်းချမ်းနဲ့ ပြဖို့တော့ လိုမယ် ထင်ပါတယ်။ ထိုင်းအစိုးရထံ အ သနားခံရဖို့ပဲ ကျန်တော့တယ်။ ဒီမတရားမှုကို ကမ္ဘာကသိအောင် လုပ်ဖို့ပဲ ကျန်တော့တယ်။
ဗြိတိန်နိုင်ငံသား ဒေးဗစ်မီ လာနဲ့ ဟန်နာဝစ်သာရစ်ခ်ျတို့နှစ် ဦး ၂၀၁၄ စက်တင်ဘာ ၁၄ ရက် ညဥ့်သန်းခေါင်မှာ ထိုင်းနိုင်ငံ လိပ်ကျွန်းမှာ အသတ်ခံခဲ့ရတယ်။ မြန်မာရွှေ့ပြောင်းလုပ်သားနှစ်ဦး ဖြစ်တဲ့ ဇော်လင်းနဲ့ ၀င်းဇော်ထွန်းတို့ကို လူသတ်မှုကျူးလွန်ကြောင်း စွပ်စွဲဖမ်းဆီးခဲ့တယ်။ သူတို့နှစ်ဦး ကို လူသတ်မှု၊ မုဒိမ်းမှု၊ ပစ္စည်းခိုး ယူမှု၊ လုယက်မှု၊ နိုင်ငံတွင်းသို့ တရားမ၀င် ၀င်ရောက်မှု၊ တရား မ၀င် ၀င်ရောက်နေထိုင်မှု၊ အမှု ထိမ်ချန်မှုစတဲ့ ပုဒ်မ ခုနစ်ခုတပ်ပြီး တရားစွဲဆိုခဲ့တယ်။ အခုတော့ အမိန့်ချလိုက်ပြီ။ စွပ်စွဲခံ မြန်မာတွေကတော့ ရခိုင်တိုင်းရင်းသား တွေ ဖြစ်ကြတယ်။ ပြည်တွင်းရှိ ဖွံ့ဖြိုးတိုးတက်မှု အနိမ့်ကျဆုံး ဒုတိယပြည်နယ်ဖြစ်တဲ့ ရခိုင်ပြည် နယ်က ဖြစ်ပါတယ်။ ကိုယ့်ဒေသမှာ အလုပ်အဆင်မပြေလို့ သူများ နိုင်ငံကို ကျွန်ခံဖို့သွားရင်းနဲ့ ပုဒ်မများစွာ တပ်၊ မတရားခံရတာပါ။ သူတို့မျက်နှာလေးတွေ ကြည့် လိုက်ရင် အသက်အရွယ် အတော်ငယ် သေးတာ တွေ့ရပါတယ်။ ဒီလိုဖြူစင်တဲ့ အရွယ်လေးတွေက ဒီလို အပြစ်မျိုး ကျူးလွန်လိမ့်မယ် လို့ ဘယ်လိုမှ မထင်ပါ။ စိတ်ကူး ကြည့်လို့တောင် မရနိုင်။ ဒီအပြစ် ကို သူတို့မကျူးလွန်ကြဘူးဆိုတာ အားလုံးက ယုံကြည်ကြတယ်။ အခုတော့ သူတို့ညစ်သမျှ ခံရဦးတော့ မှာပေါ့။ သူတို့ဆီ အလုပ်သွား လုပ်မိတာက အပြစ်တစ်ခုပါလား။ ကိုယ့်နိုင်ငံမှာ အဆင်ပြေနေရင် ဘယ်သူမှ တစ်ပါးကျွန် သွားမလုပ်ပါ။
မြန်မာပြည်သူတွေရဲ့ အဖြစ် ကတော့ မိတ်ဆွေတစ်ယောက် ပြောသလိုပဲ။ ပြည်တွင်းမှာလည်း မြန်မာခံ၊ ပြည်ပမှာလည်း မြန်မာ ခံ။ အခံဘက်မှာတော့ နှစ်ထပ် ကွမ်း မြန်မာပါလားဆိုတာလိုမျိုး။ အိမ်တစ်အိမ်မှာ၊ အိမ်ထောင်တစ် ခုမှာ အဖေကလူရိုသေရှင်ရိုသေ ရှိမှ အိမ်သူ၊ အိမ်သားတွေကို ဘယ်သူကမှ မစော်ကားရဲတာ။ အဖေကိုယ်တိုင်က အရက်တွေမူးပြီး ပုဆိုးမနိုင်၊ ပ၀ါမနိုင် သိက္ခာမဲ့နေမယ်ဆို ရင်တော့ ပတ်ဝန်းကျင်ရဲ့ စော်ကားမှုကို ခံရမှာ အသေအချာပါ ပဲ။ သြော် ..မြန်မာတွေ ဘယ် တော့များ ခေါင်းမော့ရင်ကော့နိုင် ပါ့မလဲ။ နိုင်ငံတိုးတက်တာ၊ မတိုးတက်တာ ခဏထား။ လောလော ဆယ် အရေးကြီးတာက နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ အသက်အိုး အိမ်လုံခြုံဖို့ပါပဲ။
လက်ရှိ အစိုးရနဲ့ပတ်သက် ပြီး မိတ်ဆွေတစ်ယောက်ကတော့ ဒီလိုပြောဖူးတယ်။ ‘‘မြန်မာလူမျိုးစိုင်းနော်ခမ်းကို တရုတ်က သေဒဏ်ပေးတယ်။ တရုတ်အစိုးရက တော့ ရုပ်သံက တိုက်ရိုက်တောင် လွှင့်ပြလိုက်သေးတယ်။ မိမိတို့အစိုးရကတော့ အေးအေးဆေးဆေး ပဲ။ ကိုယ့်နိုင်ငံမှာ အလုပ်မရှိလို့၊ အလုပ်ရှားလို့ သူတစ်ပါးနိုင်ငံမှာ တစ်ဝမ်းတစ်ခါးအတွက် အလုပ် ကြမ်းလုပ်တဲ့ ကလေးတွေကို ထိုင်းက အနိုင်ကျင့်ပြီး သေဒဏ် ပေးတယ်။ အခုဘာလုပ်ပေးမလဲ။ စောင့်ကြည့်ရတာပေါ့။ တစ်ခါမှာ တရုတ်သစ်သူခိုးတွေကို လိုက်ဖမ်းရင်း အရာရှိငယ်အပါအ၀င် တပ်မတော်သားတွေ အသက်ပေးလိုက်ရတယ်။ အစိုးရကတော့အားတောင် မနာ။ တစ်သက်တစ် ကျွန်းဆိုတဲ့ ပြစ်ဒဏ်ကို ရှစ်ရက် တည်းနဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တယ်။ ရင်နာမိတယ်။ ဖားကန့်မှာ တရုတ်တွေကကျောက် စိမ်းအလွန်အကျွံ တူးနေကြတယ်။ မြန်မာတွေက သူတို့ တူးလို့ လွှင့်ပစ်ထားတဲ့ မြေစာပုံထဲ ကျောက်ပိန် ကျောက်လိမ်တွေရှာရင်း မြေစာပိပြီး သေကြရတယ်။ ဘယ်မှာလဲ အစိုးရရဲ့ တာဝန်ယူမှု၊တာဝန်ခံမှု’’တဲ့။
ညီလေးတို့ရယ် မင်းတို့က ဒီနိုင်ငံမှာ လူလာဖြစ်တာကိုး။ ဒါ မင်းတို့မှားတာပဲ။ အမေရိကန် မိဘတွေဆီမှာ လူသွားဖြစ်ကြပါ လား။ သူတို့နိုင်ငံသားဆိုတာနဲ့ ဘယ်လိုနည်းပဲ သုံးရသုံးရ မရရ အောင် ကာကွယ်ပေးရမယ်ဆိုတဲ့ ပေါ်လစီ ရှိတယ်။ သူ့နိုင်ငံသား တစ်ယောက်ကို ဘယ်လိုနည်းနဲ့ မှ အဆုံးရှုံးမခံဘူး။ တခြားသော နိုင်ငံတွေကလည်း အမေရိကန်ဆို တာနဲ့ မီးသေပဲ။ လူရိုသေ၊ ရှင်ရို သေ အစိုးရတစ်ရပ်ကို ပိုင်ဆိုင် ထားကြတာကိုး။ အားကျမိပါ တယ် အမေရိကန်တို့ရယ်။
သမ္မတကြီးကို ပြောချင်ပါ တယ်။ အစိုးရတစ်ရပ်လုံးကို ပြောချင်ပါတယ်။ အရပ်ဘက် အဖွဲ့အ စည်းတွေကိုလည်း ပြောချင်ပါ တယ်။ လူထုခေါင်းဆောင်ကို လည်း ပြောချင်ပါတယ်။ ဘာသာ ရေး ခေါင်းဆောင်ကြီးတွေကို လည်း ပြောချင်ပါတယ်။ သူတို့ လေးတွေကို အကူအညီပေးကြ ပါ။ ပြည်သူတွေကလည်း ဒီကိစ္စ နဲ့ပတ်သက်ပြီး များများ ပြောပေး ကြပါ။ မီဒီယာတွေကလည်း များ များ အော်ပေးကြပါ။ ဒီကိစ္စကို အခုလွှတ်တော် ကျင်းပနေဆဲ ကာလမှာ အရေးပေါ်အဆိုအနေ နဲ့ တင်သွင်းသင့်ပါတယ်။ အပြစ် မဲ့နိုင်ငံသားနှစ်ဦးရဲ့ အသက်ကို ကယ်တင်ပေးစေလိုပါတယ်။ အ မိန့်ချပြီးသွားပြီဆိုတော့ သံတမန် နည်းကို သုံးသင့်ရင် သုံးရမှာပဲ။ အကျဉ်းသားချင်း လဲလှယ်တာတို့ ဘာတို့ လုပ်လို့ရနိုင်ပါတယ်။ တချို့နိုင်ငံကြီးတွေဆို ကိုယ့်နိုင်ငံ သား အကျဉ်းသားတွေကို နိုင်ငံ ကိုပြန်လွှဲပေးဖို့ တောင်းဆိုကြ တယ်။ ကိုယ့်နိုင်ငံက ဥပဒေအ တိုင်းမှန်မှန်ကန်ကန် စီရင်ပေးကြတယ်။အခုဒီအရေးနဲ့ပတ်သက် ပြီး ပထမဆုံးလှုပ်ရှားမှုအနေနဲ့ ကတော့ ၈၈ မျိုးဆက်ငြိမ်းချမ်း ရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက ထိုင်းနိုင်ငံအစိုးရထံ ကန့်ကွက် လွှာပို့ပြီးပြီလို့ သိရပါတယ်။ တ ကယ်ပဲ မတရားခံရခြင်းမှန်ရင် ဒီသေဒဏ်က သူတို့လေးတွေ နှစ်ဦးကို ပေးတယ်ဆိုတာထက် မြန်မာ
တစ်နိုင်ငံလုံးကို သေမိန့်ပေးလိုက်တာနဲ့ အတူတူပဲလို့ခံစားမိတယ်။
တချို့ကလည်း ခံပြင်းလွန်း လို့ ထိုင်းပစ္စည်းတွေကို သပိတ် မှောက်ကြဖို့ ဆော်သြနေကြ တယ်။ နိုင်ငံတွင်းက ထိုင်းလုပ် ငန်းရှင်တွေကို နှိပ်ကွပ်ဖို့ ပြောနေ ကြတယ်။ အစိုးရကိုလည်း ထိုင်း အစိုးရနဲ့ သံတမန် အဆက်အ သွယ် ဖြတ်ဖို့ တိုက်တွန်းနေကြ တယ်။ အားလုံးကိုပြောချင်ပါ တယ်။ အမုန်းတရားသာ ပွားစေ ပြီး အကျိုးတရားမဖြစ်တဲ့ နည်း တွေကို ရှောင်ရှားကြစေလိုပါ တယ်။ ဒီကိစ္စမှာ မြန်မာပြည်သူ တစ်ရပ်လုံး ပါဝင်လာပြီး ရခိုင် တိုင်းရင်းသားတွေနဲ့ ပိုရင်းနှီးမှု ရှိ လာကြတယ်။ ပိုယုံကြည်လာကြ တယ်။ ပိုစည်းလုံးလာကြတယ် လို့ ခံစားမိတယ်။ ဒါကတော့ အဆိုးထဲက အမြတ်ပါပဲ။ ၀မ်း သာစရာ ကောင်းတာက ထိုင်းအ များစုက ကိုယ့်ဘက်မှာ ရှိနေကြ တာပါ။ မိမိတို့ဘက်က စိတ်ခံစား မှုကို ဦးစားပေးပြီး ရိုးသားတဲ့ ထိုင်းပြည်သူတွေကို တိုက်ခိုက်မိ လို့ မိမိတို့ဘက်တော်သား ထိုင်း ပြည်သူတွေ စိတ်ပျက်မသွားမိစေ ဖို့ လိုပါတယ်။ အဓိကက ကိုယ့် နိုင်ငံသားတွေ လွတ်မြောက်ဖို့ပဲ။ အားလုံး သတိကြီးကြီးထားသင့် ပါတယ်။ လွဲချော်လို့ မဖြစ်သင့် ပါဘူး။ သူတို့နဲ့အတူ တိုက်ပွဲဝင်ဖို့ လိုအပ်ပါတယ်။
အများကြီး မတောင်းဆို တော့ပါ။ လောဘကြီးပြီး တရား သေလွတ်ပါစေလို့လည်း ဆုမတောင်းတော့ပါ။ အယူခံ အောင်မြင်ပြီး အသက်ချမ်းသာရာရကြပါစေလို့သာ ဆုတောင်းလိုက်ရ ပါတယ်။ ။

Post a Comment

 
Top