0

ထိုင်းနိုင်ငံတွင် မြန်မာ ရွှေ့ပြောင်းလုပ်သား နှစ်ဦးအား သေဒဏ်ချလိုက်သည့်အတွက် ထိုင်းနိုင်ငံတွင်ကျင်းပမည့် လက်ဝှေ့ပွဲ၌ မြန်မာလက်ဝှေ့သမားများသွားရောက် ထိုးတော့မည် မဟုတ်ကြောင်းအဆိုပါလက်ဝှေ့သမားများထံကသိရ သည် ။
ယင်းလက်ဝှေ့ပွဲသို့ သွားရောက်ထိုးမည့် သူများမှာ သွေးသစ်အောင် (နဂါးနီ) နှင့် ကြယ်စင်ဖြိုး (အဖြူရောင်သွေးသစ်) တို့ ဖြစ်ပြီး ပြိုင်ပွဲအမည်မှာ Thai Fight လက်ဝှေ့ပွဲဖြစ်သည် ။
``ကျွန်တော်တို့ ထိုင်းမှာ ဖြစ်သွားတဲ့ မြန်မာနှစ်ယောက် ကို သေဒဏ်ချတယ်ဆိုတာ မဖြစ်သင့်ဘူး ။ မြန်မာလူမျိုးတွေက ကိုယ်လုပ်တယ်ဆိုရင် ခံရဲတယ် ။ ဒါကို မဟုတ်မှန်မှန်း သိလျက်နဲ့ သေဒဏ်ဆိုတဲ့ အပြစ်ချတာဖြစ်တယ် ။ ဒါ့ကြောင့် ကျွန်တော်တို့နှစ်ယောက်က အဲ့ဒီပွဲမှာသွားရောက် ထိုးမှာ မဟုတ်ပါဘူး ။ သတင်းတွေမှာလည်း ဖတ်နေရတယ် မဟုတ်ဘူးဆိုတာ သိလျက်နဲ့ ဘာလို့ ဒီပြစ်ဒဏ်ချတယ် ဆိုတာလည်း သိချင်တယ် ´´ ဟု လက်ဝှေ့သမား ကြယ်စင်ဖြိုး (အဖြူရောင်သွေးသစ်) က ပြောသည် ။
ယင်း Thai Fight လက်ဝှေ့ပွဲအား ထိုင်နိုင်ငံတွင် ဒီဇင်ဘာလ (၃၁) ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး သွေးသစ်အောင် အနေဖြင့် ထိုင်းလက်ဝှေ့သမား ရော့ဆန်ကလိုင်း နဲ့ ထိုးသတ်ရမည်ဖြစ်ကာ ကြယ်စင်ဖြိုးမှာ ထန်ခရိုင်း နဲ့ ထိုးသတ်ရမည်ဖြစ်သည် ။
``ကျွန်တော်တို့ လုပ်နိုင်သလောက် လုပ်တာပါ ။ ကိုယ့်နိုင်ငံ သားတစ်ယောက် ဒီလိုမတရားခံရတဲ့ အတွက် စိတ်လည်းမကောင်းဘူး ´´ ဟု ကြယ်စင်ဖြိုး က ဆက်လက်ပြောသည် ။(Photo-AFP )

Post a Comment

 
Top