ရန်ကုန်၊ ဒီဇင်ဘာ ၂၆-ချင်းပြည်နယ် ၏ ဒုတိယအမြင့်ဆုံး ကနေဒီတောင် စွယ်တောင်တန်းများတွင် မြေပြိုနိုင် သည့်အက်ကြောင်းများဖြစ်ပေါ်နေ ခြင်းကြောင့်လေ့လာမှုများပြုလုပ်ကာ ကြိုတင်သတင်းအချက်အလက်များ ထုတ်ပြန်ပေးသင့်ကြောင်း ချင်းပြည် နယ်သဘာဝသစ်တောကာကွယ် ရေးကနေဒီအဖွဲ့မှ တာဝန်ရှိသူများ ကပြောသည်။
ချင်းပြည်နယ်၊ တီးတိန်မြို့သို့ သွားလာရာ လမ်းကြောင်းပေါ်တွင် တည်ရှိသည့် ယင်းပြည်နယ်၏ ဒုတိယ အမြင့်ဆုံး ကနေဒီတောင်စွယ်တောင် တန်းများအပေါ်သို့ပြီးခဲ့သည့်မိုး ရာသီတွင် မိုးသည်းထန်စွာရွာသွန်း မှုကြောင့် မြေပြိုမှုများဖြစ်ပေါ်ခဲ့ပြီး ယခုတောင်စွယ်တောင်တန်းတစ် လျှောက်ကွဲကြောင်း၊ အက်ကြောင်း များရှိနေရာလာမည့်မိုးရာသီတွင် စိုး ရိမ်ဖွယ်ရာ အခြေအနေဖြစ်နေခြင်းကြောင့် ယခုပွင့်လင်းရာသီတွင် သက်ဆိုင်ရာအဖွဲ့အစည်းများမှ လာ ရောက်လေ့လာရန် လိုအပ်ကြောင်း အဆိုပါအဖွဲ့ကဆိုသည်။
''ကနေဒီတောင်ပေါ်မှာတော့ မတွေ့ရပါဘူး။ တောင်စွယ်တောင် တန်းတွေမှာ အက်ကွဲကြောင်းကြီး တွေဖြစ်ပေါ်နေ တာဖြစ်ပါတယ်။နောက်နှစ် မိုးကာလမှာစိုးရိမ်စရာ ဖြစ်ပါတယ်။ ကနေဒီတောင်စွယ်ကြီး ပြိုကျမယ်ဆိုရင် တောင်အောက်က ရွာတွေပြိုကျသွားနိုင်တယ်။ အခုဒီ နှစ်မှာတော့ ကျွန်တော်တို့ကလေး- တီးတိန်လမ်း၊ အားလွယ်-ဆိုဇန် လမ်းကတော့ တောင်ပြို ကျတဲ့အ ထဲပါသွားတယ်''ဟု ဆိုဇန်ရွာမှ ဦးမုန်းဇကျင့်ကပြောသည်။
ချင်းပြည်နယ်တွင်သစ်တော ပြုန်းတီးမှုကြောင့် တောင်ပြိုကျမှု များနေရာအနှံ့ဖြစ်ပွားခဲ့ရာ တီးတိန် မြို့နယ်တွင် ကျေးရွာပေါင်း ၃၀ ဝန်းကျင်မှာ တောင်ပြိုကျခြင်းကြောင့် ရွှံ့ရေနစ်မြုပ်မှုဒဏ်ခံခဲ့ကြရခြင်း ကြောင့် ချင်းပြည်နယ်တွင် နေထိုင် သူများအနေဖြင့် လာမည့် မိုးရာသီ တွင်သဘာဝဘေးဒဏ်ခံရမည်ကို စိုးရိမ်လျက်ရှိနေကြကြောင်း သိရ သည်။
တီးတိန်မြို့နယ်အထွေထွေအုပ် ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦး က''ကျွန်တော်တို့ဒီသတင်းတော့ မ ကြားသေးပါ ဘူး။ ဒေသခံတွေ ကို ကျွန်တော်တို့ဆက်သွယ်မေးမြန်းမှု တွေ လုပ်ဖို့အစီအစဉ်ရှိပါတယ်''ဟု ပြောသည်။
မြန်မာနိုင်ငံ တွင် ချင်းပြည်နယ် သည်မြေပြိုနိုင်သည့်ဒေသများတွင် ပါဝင်သည့်နေရာတစ်နေရာအဖြစ် သတ်မှတ်ခံထားရကြောင်း သိရသည်။
မြန်မာနိုင်ငံ တွင် ချင်းပြည်နယ် သည်မြေပြိုနိုင်သည့်ဒေသများတွင် ပါဝင်သည့်နေရာတစ်နေရာအဖြစ် သတ်မှတ်ခံထားရကြောင်း သိရသည်။
မြန်မာနိုင်ငံဘူမိသိပ္ပံအသင်း (ဗဟိုကော်မတီဝင်)ဦးကျော်ထွန်း က''ပြီးခဲ့တဲ့ မိုးကာလမှာ မိုးရွာသွန်း ခြင်းကြောင့် အဲဒီတောင် တန်းတွေ က ထိခိုက်တဲ့ဒဏ်ကိုခံထားရပါတယ်။ ကျေးရွာသူကျေးရွာသားတွေက ကျွန်တော်တို့မရောက်တဲ့နေရာတွေ ကိုရောက်ပါတယ်။ ဘာပဲဖြစ်ဖြစ် ပွင့်လင်းရာသီမှာအန္တရာယ်ရှိ၊ မရှိ သွားရောက်လေ့လာ သင့်ပါတယ်။နိုင်ငံတော် အဆင့်အနေနဲ့ လည်း အကူအညီပေးသင့်ပါတယ်။ ဒါမှ သာဒေသခံတွေကလည်း စိုးရိမ် စိတ်ကင်းမယ်။ အဖြစ်မှန်ကိုလည်း သိနိုင်မှာပါ'' ဟုပြောသည်။
ချင်းပြည်နယ်သည် ဇူလိုင်၊ ဩဂုတ်လများတွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် မြေပြိုမှုများ ဖြစ်ပေါ်ခဲ့ပြီး ဟားခါးမြို့ရှိရပ် ကွက် အချို့တွင်ဆက်လက်နေထိုင်ရန်မ သင့်လျော်ခြင်းကြောင့် အိမ်ခြေ ခုနစ် ရာကျော်ကို နေရာ အသစ်ပြောင်း ရွှေ့ရန် စီစဉ်နေကြောင်းသိရသည်။
Post a Comment