အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်အား ညစ်ညမ်းစွာပြော ဆိုရေးသား၍ လူမှုကွန်ရက်ဖေ့စ် ဘွတ်ခ်စာမျက်နှာပေါ် ဖြန့်ဝေခဲ့ သည်ဟုဆိုကာ ဒီဇင်ဘာ ၂၂ ရက် က အမှုဖွင့်ခဲ့သည့်အပေါ် ယင်းသို့ ပြောဆိုရေးသားခြင်းမရှိခဲ့ကြောင်း အမှုဖွင့်ခံရသူ ဦးဇေလင်းလတ်က ပြောသည်။
‘‘ကျွန်တော့်အကောင့်ထဲမှာ ၀င်ကြည့်လို့ရပါတယ်။ ကျွန်တော် အဲဒီလိုရေးသားတာမျိုး မရှိခဲ့ပါ ဘူး။ အခုထပ်ဖွင့်တဲ့ အမှုနဲ့ပတ် သက်ပြီး ရဲစခန်းကလည်း ကျွန် တော့်ကို ဒီနေ့အထိဆက်သွယ် အ ကြောင်းကြားတာမျိုး မရှိသေးပါ ဘူး။ ကျွန်တော် ဒီအမှုနဲ့ပတ်သက် ပြီး ထွက်ပြေးတိမ်းရှောင်တာမျိုး လည်း မရှိပါဘူး’’ဟု ဦးဇေလင်း လတ်က ဒီဇင်ဘာ ၂၆ ရက်တွင် ပြောသည်။
အထွေထွေရွေးကောက်ပွဲ ကျင်းပရန် တစ်လခန့်သာလိုတော့ သည့်အချိန် အောက်တိုဘာ ၁၀ ရက်က လူမှုကွန်ရက်စာမျက်နှာ ပေါ်တွင် အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်အလံနှင့် ဒေါ်အောင်ဆန်း စုကြည်၏ မတ်တတ်ရပ်လျက် ဟောပြောနေသည့်ပုံကို တွဲကာ ဓာတ်ပုံပေါ်၌ ညစ်ညမ်းစွာ ရေး သားဖော်ပြထားသည့် ပို့စ်တစ်ခု ကို ဇေလင်းလတ်ဆိုသည့် အ ကောင့်က ရေးသားဖြန့်ဝေခဲ့သည်ဟုဆိုကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရပ်ကျေးပါတီအဖွဲ့ဝင် ဦးမင်းမင်းထွန်းက တရားလိုပြု တိုင်တန်းခဲ့ခြင်းဖြစ်သည်။
‘‘စဖြစ်တာကတော့ ဘေး ချင်းကပ်နေတဲ့ မိသားစုနှစ်စုကြား ဖြစ်တဲ့ ခိုက်ရန်ဖြစ်ပွားမှုကစတာ။ အဲဒီမှာ ဦးခင်မောင်လတ်ကို ရိုက် တဲ့သူတွေက အင်န်အယ်လ်ဒီကွ လို့ အော်ပြီးရိုက်တယ်လို့ တိုင် ချက်ထဲမှာ ထည့်ထားတယ်။ ကျွန် တော် အဲဒီနားကို သွားမေးတော့ အနားကလူတွေက မအော်ပါဘူး လို့ ပြောတယ်။ အဲဒီနောက်ပိုင်း ဇေလင်းလတ်ဆိုသူက သူ့အ ကောင့်မှာ ဒေါ်အောင်ဆန်းစု ကြည်နဲ့ ပါတီကို စော်ကားတဲ့ပို့စ် တွေကို Share လုပ်ခဲ့လို့တိုင်တာ ပါ’’ဟု အမှုဖွင့်တိုင်ကြားခဲ့သူ ဦး မင်းမင်းထွန်းကဆိုသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၉ရက် က ဦးစိုးပိုင်ဦးဆိုသူက ဦးခင် မောင်လတ်နှင့် ဦးဇေလင်းလတ် တို့သည် ၎င်းအား လူမှုကွန်ရက်စာ မျက်နှာပေါ်တွင် ဂုဏ်သရေညှိုး နွမ်းအောင် ရေးသားသည်ဟုဆို ကာ အမှုဖွင့်တိုင်ကြားခဲ့ပြီး ဒီဇင် ဘာ ၁၈ ရက်တွင် ဦးခင်မောင် လတ်က ဦးစိုးပိုင်ဦးအပါအ၀င် ဦး မင်းမင်းထွန်း၊ ရှေ့နေဦးမျိုးဆွေ၊ ဒေါ်ညိုညိုဝင်းတို့ကို ဆက်သွယ် ရေးပုဒ်မဖြင့် ပြန်လည်အမှုဖွင့်ခဲ့ သည်။
ထိုသို့ပုဒ်မ ၆၆(ဃ)ဖြင့် အ ပြန်အလှန် အမှုဖွင့်ထားသည့် ဦး ခင်မောင်လတ်နှင့် ဦးစိုးပိုင်ဦးတို့ သည် ရိုက်မှု၊ ဆဲဆိုမှုအပါအ၀င် တရားရင်ဆိုင်နေရပြီး ဦးစိုးပိုင်ဦး က ပုဒ်မ ၂၉၄/၃၅၄/၁၁၄/၃၂၃ တို့ဖြင့် ဦးခင်မောင်လတ် အပါအ ၀င် လေးဦးကို အမှုဖွင့်ထားကာ ဦးခင်မောင်လတ်က ပုဒ်မ ၂၉၄/ ၃၂၅/၁၁၄ တို့ဖြင့် ဦးစိုးပိုင်ဦး အပါအ၀င် ၁၁ ဦးကို အမှုဖွင့်ထားခြင်းဖြစ်ကြောင်း သင်္ဃန်းကျွန်း မြို့မရဲစခန်းမှ သိရသည်။
‘‘ကျွန်တော့်အဖေကို ၀ိုင်း ရိုက်လို့ ဆေးရုံကြီးမှာ ရက်နှစ် ဆယ်ကျော်လောက် အတွင်းလူ နာအဖြစ် ကုခဲ့ရတယ်။ အဲဒီ အမှုကို အခုတရားရုံးမှာ တရားရင်ဆိုင်နေရတယ်။ ခရိုင်တရားရုံး ရောက်သွားပြီ အမှုက။ သူတို့ဘက်က တရားစီရင်မှု ကြန့်ကြာအောင် အမှုများများဖွင့်ပြီး အမှုပွားတယ်လို့ပဲ ကျွန်တော်ထင် တယ်။ ဒေါ်စုကို အပုပ်ချတဲ့ပို့စ်တွေကလည်း ကျွန်တော့်နာမည်နဲ့ အကောင့်အတုဖွင့်ပြီး လုပ်နေတာပါ’’ဟု ဦးဇေလင်းလတ်ကဆို သည်။
ဦးဇေလင်းလတ်ကို အရေး ယူပေးရန် ဒီဇင်ဘာ ၂၂ ရက်က ဆက်သွယ်ရေးပုဒ်မဖြင့် တိုင်ကြား ခဲ့မှုနှင့်ပတ်သက်၍ အမှုစစ်ဆေး နေပြီး စစ်ဆေးဆဲကာလဖြစ်၍ ဖြေကြားပေးရန် အဆင်မပြေ ကြောင်း၊ ဥပဒေနှင့်အညီ ဆောင် ရွက်မည်ဖြစ်ကြောင်း သင်္ဃန်း ကျွန်းမြို့မရဲစခန်းမှ ရဲအရာရှိတစ် ဦးကပြောသည်။
http://www.7daydaily.com/
Post a Comment