0

SCG (Sian Cement Group) က မွန်ပြည်နယ်ရှိ မော်လမြိုင်၊ ကျိုက်မရော၊ မုဒုံ၊
ပေါင်နှင့် ချောင်းဆုံမြို့နယ်ရှိ ပညာထူးချွန်သည့် ကျောင်းသား၊ ကျောင်းသူ
အယောက် ၁၀၀ ကို တစ်ဦးလျှင် နှစ်သိန်းနှစ်သောင်းကျပ်နှုန်းဖြင့်
ပညာသင်ထောက်ပံ့ကြေးငွေကို စက်တင်ဘာလ ၁၄ ရက်နေ့တွင် ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
မော်လမြိုင်မြို့ရှိ Stand Hotel တွင် စက်တင်ဘာလ ၁၄ ရက်နေ့ နံနက် ၁၀ နာရီ
ဆုပေးအပ်ခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့ SCG က အခုဆိုရင် ပညာသင်ထောက်ပံ့ကြေးပေးတာ ၎
နှစ်မြောက်ဖြစ်ပါတယ်။ ထူးချွန်ကျောင်းသားအယောက် ၇၀၀ ကျော်ကို ၎
နှစ်တိုင်တိုင် ပညာသင်ထောက်ပံ့ကြေးပေးခဲ့တယ်။ ပထမဆုံးအနေနဲ့
ကျောင်းတွေကနေတစ်ဆင့် ပညာသင်ထောက်ပံ့ကြေးတင်တဲ့ လျှောက်လွှာတွေကို စိစစ်တယ်။
ပြီးရင် ကျောင်းသားတွေရဲ့ အိမ်ကို ကွင်းဆင်းလေ့လာတယ်။ စာတော်ပြီး
ဆင်းရဲနွမ်းပါးတဲ့ကလေးတွေကို ထောက်ပံကြေးပေးတယ်” ဟု SCG(Sian Cement Group)
မှ MR. Chana Poomee က ပြောသည်။
ယခု ၂၀၁၅-၁၆ ပညာသင်နှစ်တွင် SCG မှ န၀မတန်းကျောင်းသား၊ ကျောင်းသူ ၅၀ ဦး၊
ဒသမတန်း ကျောင်းသား၊ ကျောင်းသူ ၅၀ ဦးကို ပညာသင်ထောက်ပံ့ကြေးငွေ
ပေးအပ်ခဲ့ကြောင်း သိရသည်။
SCG မှ ၂၀၁၅ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ထူးချွန်ကျောင်းသား
၁၀၀ ဦးနှင့် မွန်ပြည်နယ် ၅ မြို့နယ်ရှိ ထူးချွန်ကျာင်းသား ၁၀၀ ဦးတို့ကို
ပညာသင်ထောက်ပံ့ကြေးပေးအပ်ခဲ့ကြောင်း သိရသည်။
SCG သည် မြန်မာနိုင်ငံတွင် ဘိလပ်မြေစက်ရုံတည်ဆောက်ရန် ဘတ်ငွေ ၁၂,၄၀၀ သန်း
ရင်းနှီးမြှုပ်နှံထားပြီး အဆိုပါစက်ရုံကို မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊
ကွမ်ငန်းကျေးရွာအုပ်စုတွင် တည်ဆောက်လျက်ရှိရာ ၂၀၁၆ ခုနှစ်မှစတင်၍
ဘိလပ်မြေများကို တစ်နေ့လျှင် တန်ချိန် ၅,၀၀၀ မှ တန်ချိန်တစ်သောင်းအထိ
ထုတ်လုပ်သွားရန် စီစဉ်လျက်ရှိကြောင်းသိရသည်။
MMK

Post a Comment

 
Top