0

-----------
လွန်ခဲ့သော ၁၃ နှစ်က မိခင်ကိုရီးယားနိုင်ငံကို စွန့်ခွာကာ အမေရိကန်နိုင်ငံတွင်
အမေရိကန်နိုင်ငံသားအဖြစ် ဘ၀သစ်စတင်ခဲ့သည့် မစ္စတာယူးသည် တောင်ကိုရီးယားတွင်
စစ်မှုထမ်းရန် ပျက်ကွက်ခဲ့ခြင်းအတွက် ပြီးခဲ့သည့် လအနည်းငယ်က လူသိရှင်ကြား
တောင်းပန်ခဲ့သည်။ ကိုရီးယားအဆိုတော်နှင့် သရုပ်ဆောင်ဖြစ်သူ မစ္စတာယူးမှာ ယခုအခါ
ဇာတိမြေသို့ပြန်လိုသော်လည်း နောက်ကျခဲ့ပြီဖြစ်သည်။
တောင်ကိုရီးယား၏ စစ်မှုမထမ်းမနေရ ဥပဒေကိုတိမ်းရှောင်သည်ဟု သံသယရှိသဖြင့် မစ္စတာယူးမှာ နိုင်ငံသို့ပြန် လာခွင့်ပိတ်ပင်ခံထားရသည်။ မစ္စတာယူး၏ အဖြစ်အပျက်ကြောင့် PGA ပြိုင်ပွဲဝင် ကိုရီးယားဂေါက်သီးသမား ဘေဆန်မွန်းသည် သူ၏ အားကစား လှုပ်ရှားမှုများကို ဇူလိုင်လက ရပ်တန့်ကာ ကိုရီးယားသို့ ပြန်လာပြီး စစ်မှုထမ်း ခဲ့သည်။ ဘေသည် လာမည့်နွေရာသီတွင်ပြုလုပ်မည့် ရီယို ၂၀၁၆ အိုလံပစ်တွင်
ပါဝင်ခွင့် ရရန်မျှော်လင့်နေပြီး ပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိပါက စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့် ရမည် ဖြစ်သည်။
ကိုရီးယားလူမျိုးအများအပြားအနေဖြင့် နိုင်ငံမှာ မြောက်ကိုရီးယားနှင့် စစ်ပွဲ ဆက်လက်ဖြစ်ပွားနေဆဲဟု ခံယူထားသဖြင့် စစ်မှုထမ်းခြင်းမှာ အရေးပါသည့်
တာဝန်ဖြစ်သည်။ သို့သော် စစ်မှုထမ်းရန် တိမ်းရှောင်သူများ ပိုမိုများပြားလာပြီး
နိုင်ငံသား ၂ မျိုးခံယူထားသည့် နေထိုင်သူများသည်အသက် ၁၈ နှစ်ပြည့်လျှင်
တစ်မျိုးကို စွန့်လွှတ်ရမည်ဖြစ်သည်။
စစ်မှုထမ်းမှုကိုရှောင်တိမ်းရန် အကြောင်းပြချက် ကောင်းကောင်းမရှိသည့်သူများမှာ
စစ်မှုထမ်းခြင်း ကင်းလွတ်ခွင့်ရသည့်အသက်ဖြစ်သော ၃၇ နှစ်ရောက်သည်အထိ
နိုင်ငံခြားတွင်နေရန် ရွေးချယ်လေ့ရှိသည်။ နောက်ဆုံးရအချက်အလက် များအရ
ရာထူးမြင့် အစိုးရအရာရှိ ၁၈ ဦး၏သားများမှာ ကိုရီးယားနိုင်ငံသားအဖြစ်မှ
စွန့်လွှတ်ထားကြသည်ဟု ဆိုသည်။
စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခဲ့သည့် ကိုရီးယားလူငယ် အရေအတွက်မှာ ၂၀၁၃ တွင် ၃,၀၀၀ ခန့်ရှိရာမှ ၂၀၁၄ တွင် ၄,၄၀၀ နီးပါးအထိမြင့်တက်ခဲ့သည်။ ၎င်းင်းတို့အနက် အများစုမှာ
အမေရိကန်နိုင်ငံသားအဖြစ်ရွေးချယ်ကြပြီး အခြားသူများမှာ ကနေဒါ၊ သြစတြေးလျနှင့်
နယူးဇီလန်နိုင်ငံသားများအဖြစ် ရွေးချယ်ခဲ့ကြသည်။ ဥပဒေပြုလွှတ်တော်အမတ်အချို့က
ထိုသို့ရှောင်ရှားမှုများကို ပိုမိုတင်းကျပ်ရန် ကြိုးစားလျက်ရှိသည်။
KHTun

Post a Comment

 
Top