--------
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံပိုင် ရုပ်သံလိုင်းများမှ ထုတ်လွှင့်ဟောပြောမှုကို စက်တင်ဘာလ
၂၁ ရက်နေ့ ယနေ့ည ၇ နာရီတွင် ထုတ်လွှင့်ခဲ့ရာ ဥက္ကဋ္ဌအနေဖြင့်
တပ်မတော်နှင့် အဖွဲ့ချုပ်အကြားတွင် သံသယများဖယ်ရှားကာ ဒီမိုကရေစီ အရေးအတွက် ယုံကြည်စွာ ပူးပေါင်းဆောင်ရွက် သွားလိုကြောင်း ထည့်သွင်းပြောကြား သွားခဲ့သည် ။

" တချို့ကပြောပါတယ်။ ၂၇ နှစ်ကျော်ကြာ အတိုက်အခံအနေနဲ့ ရပ်တည် ခဲ့တဲ့ အဖွဲ့ချုပ်ဟာ နိုင်ငံအစိုးရတာဝန်ကို ထမ်းဆောင်နိုင်ဖို့
အရည်အချင်း ရှိနိုင်ပါ့မလားပေါ့။ ရှိနိုင်ရုံတင်မက ရှိကိုရှိပါတယ်။
တကယ်တမ်း တာဝန်တစ်ရပ်ကို ကျေပွန်စွာထမ်းဆောင်ဖို့ သိရမယ့်
အသိတရားနှစ်ရပ် ရှိပါတယ်။ အဲဒါကတော့ ဘာမလုပ်သင့်၊ ဘာလုပ်သင့်
ပါပဲ။ ဘာမလုပ်သင့်ဘူး ဆိုတာကတော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ အတွင်း
မြန်မာနိုင်ငံကို အရှေ့တောင်အာရှရဲ့ အတောက်ပဆုံး ကြယ်အဖြစ်ကနေ
မှေးမှိန်သေးသိမ်တဲ့ အခြားဂြိုဟ်လေးအဖြစ် ရောက်ရှိသွားစေတဲ့ အဖြစ် ကနေ သင်ခန်းစာတွေ အများကြီး ရခဲ့ပါတယ်။ ဘာတွေလုပ်သင့်တယ်
ဆိုတာကတော့ ပြည်သူတွေက သင်ကြားပေးလို့ သိနေရတာဖြစ်ပါတယ်"
ဟု ပြောကြားခဲ့သည်။

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် မြန်မာ့တပ်မတော် အမြင်သည် တစ်ထပ်တည်း မဟုတ် ကြောင်း ပြည်သူ ပြည်သားများ အသိဖြစ်ကြောင်းလည်း ပြောကြားခဲ့
သည်။
သည်။
"ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ လာမယ့်ရွေးကောက်ပွဲတွေ
မှာ ထွက်ပေါ်လာမယ့် ပြည်သူ့ဆန္ဒကို လေးစားလိုက်နာမှု ကာကွယ်မှု
အပါအဝင် နိုင်ငံရဲ့ ကံကြမ္မာ ဖန်တီးဖို့အတွက် လိုအပ်တဲ့ ကိစ္စအဝဝမှာ
တပ်မတော်နဲ့ ပြည်သူ တစ်သားတည်းရှိဖို့ လေးလေးနက်နက် လိုလားနေ
ကြတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ မြန်မာ့တပ်မတော်ကို
ဒီမိုကရေစီ စံနှုန်းစံညွှန်းတွေနဲ့အညီ တိုးတက်ခေတ်မီပြည့်စုံစွာ ပြည်သူ
တွေ လေးစားချစ်ခင်မှုကြောင့် ကမ္ဘာ့အလယ် လေးစားတင့်တယ်တဲ့
တပ်မတော် ဖြစ်စေချင်တယ်" ဟု ပြောကြား သွားခဲ့သည်။

မင်းဝသ၁န်
The Ladies News Journal
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.