0

"၂၀၁၅ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရရှိရင် ကုလားတွေ ၀င်လာ လိမ့်မယ်လို့ အများက ပြောပြီး မြှူဆွယ်နေကြတဲ့ အတွက်ကြောင့် ပြည်သူလူထုတွေ က ဇဝေဇ၀ါဖြစ်နေကြပါတယ် ၊ အဲဒါကိုရှင်းပြပေးပါ” ဟု စက်တင်ဘာ ၂၁ ရက်နေ့က မဆယ်ဆိပ်သို့ သွားရောက်သည့် ခရီးစဉ်အတွင်း ဒေသခံပြည်သူတစ်ဦး၏ မေးမြန်းမှုကို
ဒေါ်အောင်ဆန်းစုကြည်ကထိုသို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်က “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ မကြိုက်တဲ့ကိစ္စတွေ လုပ်မယ်လို့ထင်လား၊ အဲဒီတော့ ဒီလိုစည်းရုံးမှုတွေကို ဘာဖြစ်လို့ယုံကြည်နေကြတာလဲ။ ဒီလိုစ ည်းရုံးတာဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့လည်း မကိုက်ညီဘူး။ ဒါ လိမ်လည် လှည့်ဖြားပြီးတော့ စည်းရုံးတယ် ဆိုတာ ဥပဒေနဲ့ငြိပါတယ်ဆိုတာ သေချာပြောပါရစေ။ ကိုယ့်ကို လှည့်ဖြားချင် လို့ စည်းရုံးတဲ့သူတွေဟာ စေတနာလည်း မမှန်ဘူး၊ မုသားလည်း ပါတယ်၊ ဥပဒေကိုလည်း ချိုးဖောက်တယ်။ ဒီလိုစည်းရုံးမှုတွေကြောင့်မို့လို့ လုံးဝ စိတ်မ၀င်စားနဲ့" ဟု သူမက ပြောကြားခဲ့သည်။
ဒီမိုကရေစီအစိုးရသည် ဒီမိုကရေစီအောက်တွင် ပြည်သူများ၏ဆန္ဒနှင့် ကိုက်ညီ ရမည်ဖြစ်ပြီး ပြည်သူ့ဆန္ဒနှင့် မကိုက်ညီပါက ဘာမှ မဖြစ်နိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့သည်။
"ဒီမိုကရေစီ အစိုးရ ဆိုတာ ပြည်သူရဲ့ဆန္ဒနဲ့ ကိုက်ညီပါမှ လုပ်လို့ရတယ်။ ပြည်သူ့ ဆန္ဒနဲ့မကိုက်ညီတဲ့ အလုပ်တွေ လုပ်လို့ရှိရင် နောက်ရွေးကောက်ပွဲမှာ ပြုတ်သွားမှာပဲ။ ဒါ ကျွန်မတို့က ပြည်သူက မလိုလားလို့ ကန့်ကွက်ချင်နေတဲ့ အစိုးရ မဟုတ်ပါဘူးလို့ပြောပါရစေ” ဟု သူမကဆိုသည်။
ယင်းကဲ့သို့ ပြောဆိုစည်းရုံးမှုသည် အင်မတန်အောက်တန်းကျသည့် နိုင်ငံရေးလုပ်ဆောင်မှု ဟု ပြောလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
“ဒါတွေကိုမစိုးရိမ်ပါနဲ့။ ပြည်သူတွေကို မလေးစားတဲ့ သဘောပါ။ ပြည်သူတွေက ထုံတယ် ထိုင်းတယ်၊ ငါတို့ပြောတိုင်း နားထောင်တယ်၊ ငါတို့ပြောတိုင်း နားထောင်တယ်ဆိုပြီးတော့ အဲ့လို မလေးမစား လုပ်တာကို လုံးဝ စိတ်အပင်ပန်းမခံပါနဲ့လို့ ပြောချင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောဆိုခဲ့သည်။
ဇော်မင်းထွန်း
The Ladies News Journal

Post a Comment

 
Top