0
         KTV (ကာရာအိုကေ)နှင့် စားသောက်ဆိုင်များတွင် အလုပ်လုပ်နေသူများ မဲပေးခွင့် ရအောင် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်ခရိုင် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးရဲဖေက The Messenger Mediaသို့ ပြောသည်။
          ““မိုဘိုင်း လျှောက်သွားနေတဲ့ သူတွေကိုလည်း မကျန်အောင် စာရင်းပြုစုနေတယ်။ ဒီတစ်ခေါက် ဒုတိယအကြိမ် မဲစာရင်း ထုတ်ပြန်ရင်တော့ ပါမှာပါ။ စာရင်းမှာမပါလာ သည့်တိုင် မဲပေးလိုရင် ရက်ပေါင်းတစ်ရာ့ ရှစ်ဆယ်၊ ခြောက်လ ဒီအရပ်ဒေသမှာ နေခဲ့တာကို သက်ဆိုင်ရာက ထောက်ခံပေးရင် မဲပေးမယ့်ရက် ခုနစ်ရက်အတွင်း မဲပေးလို့ ရအောင်လည်း လုပ်ပေးမယ်””ဟု ဦးရဲဖေ ကဆိုသည်။
          ““အခြေအနေ တစ်ခုကြောင့် အလုပ်လုပ် နေရတယ်ဆိုပေမယ့် ကျွန်မတို့ဒီမှာ အလုပ်လုပ်နေတာကို တော်ရုံတော့ ဘယ်သူမှ မသိစေချင်ဘူး။ အဲဒီတော့ ဘယ်သူ့ကို မဲပေးဖို့ ဆိုတာထက် တစ်နေ့တစ်နေ့ အလုပ်လုပ်ဖို့ပဲ စိတ်ဝင်စားတယ်။ ဒီမဲပေးတော့ရော ကျွန်မတို့ ဘ၀တွေ တိုးတက်လာ မှာလား””ဟု ပုသိမ်မြို့ KTV (ကာရာအိုကေ)ဆိုင်တွင် လာရောက် အလုပ်လုပ်ကိုင်နေသူ တစ်ဦးက ပြောသည်။
          ရှေ့ပြေးစာရင်းများအရ ဧရာဝတီတိုင်း ဒေသကြီးတွင် အသက်(၁၈) နှစ် အထက် မဲပေးပိုင်ခွင့်ရှိသူ (၄,၁၆ရ,၃၃၈) (၄ သန်းကျော်) ရှိရာ ပုသိမ် ခရိုင်တွင် မဲပေး ပိုင်ခွင့်ရှိသူ (၁,၀ရ၁,၇၅၈) ဦး၊ ရှိကြောင်း တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်က သတင်းထုတ်ပြန် ထားသည်။
          ပုသိမ်မြို့ပေါ် ရပ်ကျေး ကော်မရှင် အဖွဲ့ ၀င်များကို မိုဘိုင်းလှည့်လည် အလုပ်လုပ်ကိုင်နေသော စားသောက်ဆိုင်  KTV အတွင်း အလုပ်လုပ်ကိုင် နေသူများ၏ စာရင်းများကိုလည်း အတိအကျ ကောက်ယူ ပေးရန် ပုသိမ်ခရိုင် ရွေးကောက်ပွဲ ကော်မရှင်က ညွှန်ကြားထားသည်။
          ““ကျွန်တော် ဆိုင်အတော်များများ ထိုင်ဖူးပါတယ်။ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင် အစုံပေါ့။ ထိုင်တဲ့အခါတိုင်း (၁၈)နှစ်ကျော် သူတွေကို မေးကြည့်တယ်။ မဲပေးလို့ရပြီ၊ ဘယ်ပါတီ ပေးမလဲပေါ့။ အားလုံး အဖြေက တစ်ခုတည်းပါပဲ မဲပေးချင် ကြတယ်။ ဒါပေမဲ့ သားက သာပေါင်းက၊ သမီးက ကံကြီးက၊ သားက ပင်လယ်က၊ သမီးက အနောက်က စသဖြင့်ပေါ့။ တခြား နယ်တွေ ကနေဖြစ်နေတယ်။ ဆိုင်ရှင်ကလည်း ပြန်ခွင့်မပေးဘူး ပြောတယ်။ ဒီတော့ တစ်ချို့အဖွဲ့အစည်းတွေ ပညာပေးမှုလေးတွေ သူတို့ကိုလည်း လုပ်ဖို့လိုမယ် ထင်တယ်”” ဟု ပုသိမ်ဒေသခံ တစ်ဦးက ပြောသည်။
          ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ သန်းခေါင်စာရင်း မရှိသူများ၊ မှတ်ပုံတင် မရှိသူများကို ဖွံ့ထောက် ကော်မတီ၏ ထောက်ခံချက်ဖြင့် မဲပေးနိုင်အောင် ဆောင်ရွက်ပေးရန်လည်း သက်ဆိုင်ရာ ကော်မရှင် အသီးသီးကို ညွှန်ကြားထားသည်။

http://messengernewsjournal.com/

Post a Comment

 
Top