Bridgestone Corporation ၏ ရုံးခွဲဖြစ်သော Bridgestone Asia Pacific Pte Ltd. သည် ၂၀၁၅ ခုနှစ် ဇူလိုင်လတွင် ဖြစ်ပွားခဲ့သော မြန်မာနိုင်ငံ ရေလွှမ်းမိုးမှုဖြစ်စဉ်အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များအတွက် ရည်ရွယ်ပြီး စက်တင်ဘာလ ၈ ရက်နေ့တွင် စင်ကာပူနိုင်ငံ ကြက်ခြေနီအသင်းသို့ (မြန်မာငွေကျပ် ၂၅၆ သိန်းနှင့် ညီမျှသော) အမေရိကန် ဒေါ်လာ ၂၀၀၀၀ ကို လှူဒါန်းခဲ့အါသည်။
Bridgestone Corporation သည် တိုကျိုအခြေစိုက် ကုမ္ပဏီဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး တာယာနှင့် ရာဘာ ကုမ္ပဏီတခု ဖြစ်သည်။ အမျိုးမျိုးသော တာယာအသုံးပြုမှုများအတွက် ရာဘာကို တာယာအပြင် အခြားသော ပစ္စည်း အသုံးအဆောင်များအဖြစ်လည်း ထုတ်လုပ်သည်။ ထို့ပြင် စက်ရုံသုံးရာဘာများ၊ ဓာတုဗေဒဆိုင်ရာ ပစ္စည်းများနှင့် အားကစားပစ္စည်းများလည်း ထုတ်လုပ်လျက်ရှိပြီး ကမ္ဘာတဝှမ်းရှိ နိုင်ငံပေါင်း (၁၅၀) ကျော်သို့ ဖြန့်ချိရောင်းချလျက်ရှိသည်။
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Post a Comment