0

ညီတူး ၊ ရန်ကုန်၊ စက်တင်ဘာ ၂၆
ရခိုင်ပြည် နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း ဝင် ပြိုင်မည့် အမ်းမြို့နယ်တွင် ရခိုင်အမျိုးသား ပါတီရုံး ဆိုင်းဘုတ်မှာ ဖျက်ဆီးခံလိုက်ရ ကြောင်း ¤င်းပါတီမှ အမ်းမြို့နယ် ဗဟိုကော် မတီဝင် ဒေါ်ခင်လှရီက ပြောသည်။

အမ်းမြို့နယ် ဒလက်ချောင်း ကျေး ရွာအုပ်စု အနောက်ရွာတွင် စက်တင်ဘာ ၂၃ ရက်ညပိုင်း၌ တစ်စုံတစ်ယောက်က ဖျက်ဆီးခဲ့ခြင်းဖြစ်သလို ဘာကြောင့်များ ဖျက်ဆီးသွားခဲ့သည်ကို အသေးစိတ် မပြော နိုင်ကြောင်း ယင်းက ဆက်ပြောသည်။
''ကျွန်မတို့ဆိုင်းဘုတ်က အဲဒီည ပိုင်းမှာ ဖျက်ဆီးသွားတာ။ နောက်တစ်နေ့ ကျတော့လဲ ကျွန်မတို့တင်မဟုတ်ဘူး။ ချင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကိုလည်း ဆိုင်းဘုတ်တွေ ဖြုတ်ချပေးဖို့ ဖိအားတွေ လာပေးသွားတယ်လို့ ကြားရတယ်''ဟု ဒေါ်လှ ရီက ပြောသည်။
ဆိုင်းဘုတ်များကို မည်သူက လာ ဖျက်ဆီးသွားသည်ကို မသိသော်လည်း ချင်း ဒီမိုကရေစီအဖွဲ့ချုပ်ကို ဆိုင်းဘုတ်များ ဖြုတ် ချပေးရန် ဖိအားပေးခြင်း၊ နောက်တစ်နေ့ တွင်လည်း ဒလက်ချောင်းကျေးရွာအုပ်စု မြောက်ဘက်ရွာတွင်လည်း ဆိုင်းဘုတ်ဖြုတ် ချပေးရန် ဖိအားပေးမှုများ ဆက်တိုက်ဖြစ် ပေါ်လာခြင်းတို့ကို သူ့အနေဖြင့် မည်သူဆို သည်ကို မပြောနိုင်သော်လည်း လတ်တ လောတွင်တော့ ဆိုင်းဘုတ်ဖျက်ဆီးခံရခြင်း အတွက် အမ်းမြို့နယ် ရဲစခန်းတွင် အမှုဖွင့် ထားကြောင်း ဒေါ်လှရီက ပြောသည်။
''ပါတီဆိုင်းဘုတ်တွေ ဖျက်ဆီး ရင်တော့ ရဲအရေးပိုင်တဲ့အမှု ရဲစခန်းကိုသာ သွားတိုင်လိုက်။ တစ်ခါတည်း အဲဒီကောင် တွေကို အချုပ်ထဲထည့်လို့ရတယ်။ ဖိအား ပေး ဖြုတ်ချခိုင်းတယ်ဆိုတာတော့ ဒီခေတ် မှာ လုပ်လို့မရပါဘူး။ တရားဝင် ဥပဒေနဲ့ ခွင့်ပြုထားတဲ့ ဆိုင်းဘုတ်တွေကို အဲဒီလို လုပ်ချင်လို့ မရဘူး။ လုပ်ရင်အရေးယူခံရ မယ်''ဟု ရခိုင်ပြည်နယ် ရွေးကောက်ပွဲအ ရာရှိ ဦးသူရိန်ထွဋ်က ပြောသည်။
လက်ရှိအချိန်အထိတော့ ကော် မရှင်သို့ လာရောက်တိုင်ကြားခြင်းမရှိသေး ကြောင်း ယင်းက ဆက်ပြောသည်။
အမ်းမြို့နယ်တွင် ဝင်ရောက်ယှဉ် ပြိုင်မည့် ပါတီများမှာ လက်ရှိပြည်နယ်ဝန် ကြီးချုပ်၊ အငြိမ်းစား ဗိုလ်ချုပ်မောင်မောင် အုန်း ကိုယ်စားပြုသည့် ပြည်ခိုင်ဖြိုးပါတီ၊ ရခိုင်အမျိုးသားပါတီ၊ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်၊ တိုင်းရင်းသားစည်းလုံးညီညွတ် ရေးပါတီ၊ ချင်းအမျိုးသား ဒီမိုကရက်တစ် ပါတီနှင့် ချင်းဒီမိုကရေစီအဖွဲ့ချုပ် ပါတီတို့ က လွှတ်တော်သုံးရပ်အတွက် ဝင်ပြိုင်ကြ မည်ဖြစ်ကြောင်း သိရသည်။

Yangon Media Group

Post a Comment

 
Top