0

လာမည့် ၂ဝ၁၆-၂ဝ၁၇ ခုနှစ် ပညာသင်နှစ် ကာလ ရောက်လျှင် အစိုးရ စာသင် ကျောင်းများ တွင် မူလတန်း ကျောင်း စနစ်ကို ပထမဦးစွာ KG  သင်ရိုးသစ်နှင့် အတန်း ပညာရေး စနစ်ပြောင်းလဲ ကျင့်သုံးကြတော့မည် ဖြစ်သည်။ ထို့အတူပင် ယခင် စနစ်ဟောင်းသင်ရိုး များနှင့် အတန်း ပညာရေး ပြီးဆုံးတိုင်မှု အား အခွင့်အလမ်းပေး ထားသလို အဆင့်ဆင့်ပြောင်းလဲ ကျင့်သုံးလာမည့် အလယ် တန်း သင်ရိုးသစ်၊ အထက်တန်း သင်ရိုးသစ် တို့ကိုလည်းနှစ်အလိုက် သတ်မှတ်ပြဋ္ဌာန်း ထားကာ တစ်ပြေးညီ ကျောင်းသား၊ ကျောင်းသူ များ၏ ပညာရေး အခွင့် အရေး များလည်း ရရှိ ပိုင်ဆိုင်ကြ ရမည်ဖြစ်သည်။
ထိုသို့ ပညာရေး အခန်းကဏ္ဍတွင် မူလတန်း ပညာရေးစနစ်က အစပြု၍ ပြောင်းလဲ ကျင့်သုံးလာမည့် သင်ရိုးသစ်နှင့် ပတ်သက် ၍ မြောက်ဥက္ကလာပ မြို့နယ်၊ အ.ထ.က(၂)ကျောင်း မှ ကျောင်းဆရာမကြီး ဒေါ်သက်မာဝင်း (အထက်တန်းပြ) က “ပညာရေး စနစ်ပြောင်းမယ် ဆိုတာ အတိအကျ မသိသေးပါဘူး၊ ကျောင်းတွေ မှာလည်း အစည်းအဝေး ခေါ်ပြီး ပြောတာမျိုးလည်း မရှိပါဘူး ၊ အပြင် မှာတော့ ဒီလိုပြောနေကြတာပဲ ၊ဆရာမ အမြင်ကတော့ ပညာရေး စနစ်ကို ပြောင်းတာကောင်းပါတယ်။ တကယ် လုပ်လို့ တကယ်ဖြစ် လာရင်တော့ ကောင်းတာပေါ့နော်။ စနစ်ပြောင်းသွား လို့ အတန်းတွေက သာရှည်လာတယ် တိုးတက်မှု မရှိရင်တော့ ဘယ်ကောင်းမလဲ ၊ မိဘတွေ အနေ နဲ့ ကျောင်း၂နှစ်ပို ထားလိုက်ရတာပဲ အဖတ်တင်တယ်လေ။ အခြေခံပညာ သင်ကြားရေးက တအား အရေးကြီးပါတယ် ၊ မူလတန်း နဲ့ အလယ်တန်း မှာ အခြေခံ ပါမလာရင် အထက်တန်း အဆင့်မှာ သင်ကြားရတာ ခက်ပါတယ်”ဟု ၄င်းအမြင် ကို ပြောပြ ပါသည်။
သည့်နောက်တွင် မြန်မာနိုင်ငံသည် ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်နေပြီ ဖြစ်ရာ ဒီမိုကရေစီ ပညာရေး စနစ် အခြေပြု တည်ရှိ ရမည် ဖြစ်သလို၊ စစ်မှန်သော ပညာရေးစနစ်နှင့် အရည်အချင်း စစ်စစ်ဖြင့် အမြင့် ဆုံးအောင်ချက်ကောင်း အနေအထား မျိုးရှိသော ပညာရေး စနစ်မျိုး တည်ရှိ လာစေချင်ကြောင်းကိုလည်း “ဆရာမတို့ အနေနဲ့ကဖြစ်စေချင်တာ ကတော့ တကယ် ပြောင်းလဲမှာလား တကယ်ကော ဖြစ်စေချင်တာလား။ အရင်တုန်းက လိုမျိုး ၃လပတ် ၆ လပတ် အရည်အချင်းစစ် စာမေးပွဲ တွေ ပြန်ဖြစ်စေချင်ပါတယ်၊ ရာခိုင်နှုန်း နဲ့ အရေအတွက် ဘယ်လောက် အအောင်ပေးပါ ဆိုတာမျိုးတွေ မဖြစ်စေချင်ဘူး၊ ကလေးတွေကို တကယ့် အရည်အချင်း အစစ် အမှန် နဲ့ပဲ တက်သွားစေချင်ပါတယ်၊ ကျောင်းသား ၅ဝ မှာ ၁ဝ ယောက်လောက်ပဲ အောင်ချင် အောင်မယ်။ တကယ် မတ်ရင် ၊စာ မကျက်ရင် မအောင်ဘူး ဆိုတာ သိလာရင် ပိုကြိုးစား လာမယ်။ ရာခိုင်နှုန်းနဲ့ အအောင် ပေးရတာမျိုး မဟုတ်ဘဲ နဲ့ တကယ် အရည် အချင်း နဲ့ အောင်တာမျိုး ဖြစ်လာရင် ပညာရေး ကောင်းလာမယ်” ဟု အထက်တန်းပြ ဆရာမကြီး ဒေါ်သက်မာဝင်း က ၄င်း၏ ဆန္ဒ သဘောထားများ ကို ပြောကြားခဲ့သည်။

http://popularmyanmar.com/

Post a Comment

 
Top