0

မင်းညီ - ဆက်သွယ်မေးမြန်းသည်။
မွန်ပြည်နယ် ၊ ပေါင်မြို့ နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ် အန်အယ်ဒီပါတီမှ ၀င်ရောက်အရွေးခံမည့် မိကွန်ချမ်း သည် မွန်အမျိုးသားပါတီ
ဒုဥက္ကဌ နိုင်သက်လွင် ၏ သမီးတစ်ယောက်ဖြစ်သည်။ ထိုကဲ့သို့ မွန်အမျိုးသားပါတီ ခေါင်းဆောင်တစ်ဦး၏ သမီးဖြစ်သူက အန်အယ်ဒီပါတီကိုယ်စားလှယ်လောင်းတစ်ဦးအဖြစ် 
ဝင်ရောက်ယှဉ်ပြိုင်အရွေးခံမည့် ကိစ္စ နှင့်ပတ်သက်ပြီး မွန်ပြည်သူကြားတွင် ဝေဖန်မှု များ ရှိနေသည်။ ယင်းနှင့်ပတ်သက်၍ မိကွန်ချမ်း၏ သဘောထားအမြင်များကို သိရှိနိုင်ရန် ရန်ကုန်တိုင်းမ်ဂျာနယ်မှ ဆက်သွယ်မေးမြန်းထားပါသည်။
မေး - အစ်မ အနေနဲ့  မွန်အမျိုးသားပါတီ က မပြိုင်ဘဲ nld ကပြိုင်ဖြစ်တဲ့အကြောင်းလေးသိချင်လို့ ပါ ။
ဖြေ - အရေးကြီးတာ မွန်လူမျိုးတွေလွှတ်တော်ထဲများများရောက်ဖို့ က အဓိကပါ ။ ဘယ်ကပြိုင်ပြိုင် သေချာတာကတော့NLDကအစိုးရဖွဲ့ ဖို့ အင်အားအကောင်းဆုံးပါတီပါ ။ မွန်ပါတီတွေကွဲနေကြတာကြောင့်လဲ ပါတယ် ။
မေး - ဒီကိစ္စနဲ့ ပတ်သက်ပြီး မွန်အမျိုးသားပါတီဝင်တချို့ က ဝေဖန်မှု ရှိနေတဲ့ အပေါ်
ရော ဘယ်လိုမှတ်ချက်ပေးချင်လဲ။
ဖြေ - ကျမကပါတီဝင်မဟုတ်ဘူး ။ ကြိုက်တဲ့လမ်းကိုလျှောက်လို့ ရတယ် ။ တိုင်းပြည်အရေးကို လုပ်နေတာပါ လို့ ပဲ ပြောပါရစေ။
မေး - ဟုတ်ကဲ့ အစ်မရဲ့  အဖေ ( မွန်အမျိုးသားပါတီ ဒုက္ကဌ နိုင်သက်လွင် ) ရဲ့ သဘောထားက ဘယ်လိုရှိလဲ ။
ဖြေ - ဒီမိုကရေစီအတိုင်းပါပဲ ။ တိုင်းပြည်အတွက်လုပ်တာပါ။ သွားတဲ့လမ်းတူတယ်။ ကန့် ကွက်စရာတော့ မရှိပါဘူး ။
မေး - ပေါင်မြို့ နယ်မှာ အရွေးခံရရင် ဘယ်အပိုင်းတွေ အဓိက လုပ်ဖို့ ရှိလဲ ။
ဖြေ - အပေါင်လူထုကဖြစ်ချင်တာ တောင်းဆိုတာတွေကို လူထုဘက်မားမားမတ်မတ်ဆောင်ရွက်သွားပါ့မယ်။
မေး - ဒေါ်အောင်ဆန်းစုကြည် ရဲ့ မွန်အမျိုးသာပါတီပေါ်အမြင် န့ဲ ဒီလို ကိုယ်စားလှယ်လောင်း အရွေးခံခဲ့ရတဲ့ အပိုင်းကိုလည်း အစ်မပြောပြနိုင်ရင် ပြောပြပေးစေချင်ပါတယ် ။
ဖြေ -တိုင်းရင်းသားတွေ တန်းတူဖြစ်ဖို့ အတွက်NLDပါတီမှာ တိုင်းရင်းသားများများ ပါဝင်တာကိုဒေါ်အောင်ဆန်းစုကြည်က ကြိုက်ပါ တယ် ။
မေး - နောက်ဆုံးမေးချင်တာက အစ်မရဲ့ အဓိက ပြိုင်ဖက် ဘယ်ပါတီကဘယ်သူဖြစ်မလဲ ။
ဖြေ - အဏာရှင်ပါတီကအဓိကပြိုင်ဖက် ဖြစ်မှာပါ ။
ခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
Yangon Media Group

Post a Comment

 
Top