နည်းပြဝင်းဂါးမှာ အာဆင်နယ်၏လက်ရှိအနေအထားကြောင့် သေချာပေါက် ဖိအားဝင်နေပြီဟု ယခင်အာဆင်နယ်ကွင်းလယ်ကစားသမား ရေးပါလာက ဝေဖန်ခဲ့သည်။ အာဆင်နယ်၏ ယခုနှစ်နွေဈေးကွက်ခြေလှမ်း များကြောင့် ပရိသတ်များ၊ ကစားသမားဟောင်းအတော်များများက ဝေဖန်ခဲ့ပြီး ယခုပုံစံအတိုင်းဆက်သွားနေလျှင်မည်သည့်အခါမျှ ပရီမီယာ လိဂ်ချန်ပီယံဆု ပြန်လည်ရယူနိုင်မည်မဟုတ်ဟုလည်း သုံးသပ်ခဲ့ကြသည်။
ပြီးခဲ့သည့်ဘောလုံးရာသီက ဂီရော့ဒ်တစ်ဦးတည်းသာ အားကိုးနေ ရသော အာဆင်နယ်တိုက်စစ်ကို အွန်နရီကဝေဖန်ခဲ့ရာ ဝင်းဂါးကကာကွယ် ပြောကြားခဲ့သော်လည်း ယခုနှစ်နွေဈေးကွက်တွင် ကမ္ဘာ့အဆင့်မီတိုက်စစ်မှူး တစ်ဦးကို အားဖြည့်ခေါ်ယူရန်တောက်လျှောက်လှုပ်ရှားခဲ့သည်။ သို့သော် ဝင်းဂါးအလိုရှိနေသောတိုက်စစ်မှူးများမှာ အသင်းပြောင်းရွှေ့ရန်စိတ်မဝင်စားဘဲ လက်ရှိကလပ်များတွင်သာ ဆက်ရှိနေရန် ဆုံးဖြတ်ခဲ့ကြသောကြောင့် မည်သည့်အပြောင်းအရွှေ့ဖြစ်မြောက်မလာခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ဝင်းဂါးက ထိပ်တန်းကစားသမားများကို ကလပ်အသင်း တစ်ခုသို့လာရောက်ကစားရန် ဆွဲဆောင်ရန်မှာ လွယ်ကူသည့် ကိစ္စရပ် မဟုတ်ဘဲ ခေါ်ယူချင်သည့်အသင်းမှာ ¤င်းတို့လက်ရှိကစားနေသော အသင်းထက်သာလွန်သည်ကို သက်သေပြနိုင်မှသာဖြစ်နိုင်ကြောင်း ညည်းတွားခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့်နှစ်နှစ်က အာဆင်နယ်၏နွေ ဈေးကွက်လှုပ်ရှားမှုကြောင့် ပရိသတ်များ စိတ်အားတက်ကြွခဲ့သော်လည်း ယခုနှစ်တွင် အာဆင်နယ်မှာ အခြားမည်သည့်ပရီမီယာလိဂ်အင်အား ကြီးအသင်းကိုမျှ ယှဉ်ပြိုင်နိုင်သည့်ခေါ်ယူမှုမျိုးမပြုလုပ်နိုင်ခဲ့ဟုလည်း ပါလာက ဆိုခဲ့သည်။
မေလဲ့သင်း
Post a Comment